သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

ALP စစ်ဦးစီးချုပ် ဗိုလ်ချုပ်ခိုင်စိုးမြနှင့် အဖွဲ့ဝင် (၂) ဦး လုပ်ကြံသတ်ဖြတ်ခံရမှုသည် AA လက်ချက်ဟု ALP ထုတ်ပြန်

ALP စစ်ဦးစီးချုပ် ဗိုလ်ချုပ်ခိုင်စိုးမြနှင့် အဖွဲ့ဝင် (၂) ဦး လုပ်ကြံသတ်ဖြတ်ခံရမှုသည် AA လက်ချက်ဟု ALP ထုတ်ပြန်

Hsan Loi Editor
05/01/2023
Share:

 

၂၀၂၃ ခုနှစ် လွတ်လပ်ရေးနေ့တွင် ရခိုင်ပြည်နယ် စစ်တွေမြို့၌ ကျင်းပပြုလုပ်သည့် လွတ်လပ်ရေးနေ့အခမ်းအနား တက်ရောက်ပြီး အပြန်တွင် ALP စစ်ဦးစီးချုပ် ဗိုလ်ချုပ်ခိုင်စိုးမြနှင့်အတူ အမှတ် (၁၀၁) တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ခိုင်ကျော်စိုး၊ ဗိုလ်ကြီးခိုင်သူရိန္ဒတို့ (၃)ဦး လုပ်ကြံသတ်ဖြတ်ခြင်း ခံခဲ့ရသည်။

 

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ယနေ့ တွင် ALP မှ ထုတ်ပြန်ချက်တစ်ခုထုတ်ပြန်ရာတွင် ALP စစ်ဦးစီးချုပ်နှင့် တာဝန်ရှိသူ (၂) ဦးကို AA အဖွဲ့ လုပ်ကြံသတ်ဖြတ်ခြင်းဖြစ်ပြီး တရားမျှတမှုရရှိအောင် ဆောင်ရွက်သွားမည်ဟု ဖော်ပြထားသည်။

 

၎င်းထုတ်ပြန်ချက်နှင့်ပတ်သက်၍ AA ဘက်မှ တစ်စုံတစ်ရာ တုန့်ပြန်ခြင်း မရှိသေးပါ။

 

#HsanLoiVoice

https://instagram.com/hsan.loivoice?igshid=YmMyMTA2M2Y=

https://hsanloivoice.org/