ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
၂၀၂၃ ခုနှစ် လွတ်လပ်ရေးနေ့တွင် ရခိုင်ပြည်နယ် စစ်တွေမြို့၌ ကျင်းပပြုလုပ်သည့် လွတ်လပ်ရေးနေ့အခမ်းအနား တက်ရောက်ပြီး အပြန်တွင် ALP စစ်ဦးစီးချုပ် ဗိုလ်ချုပ်ခိုင်စိုးမြနှင့်အတူ အမှတ် (၁၀၁) တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ခိုင်ကျော်စိုး၊ ဗိုလ်ကြီးခိုင်သူရိန္ဒတို့ (၃)ဦး လုပ်ကြံသတ်ဖြတ်ခြင်း ခံခဲ့ရသည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ယနေ့ တွင် ALP မှ ထုတ်ပြန်ချက်တစ်ခုထုတ်ပြန်ရာတွင် ALP စစ်ဦးစီးချုပ်နှင့် တာဝန်ရှိသူ (၂) ဦးကို AA အဖွဲ့ လုပ်ကြံသတ်ဖြတ်ခြင်းဖြစ်ပြီး တရားမျှတမှုရရှိအောင် ဆောင်ရွက်သွားမည်ဟု ဖော်ပြထားသည်။
၎င်းထုတ်ပြန်ချက်နှင့်ပတ်သက်၍ AA ဘက်မှ တစ်စုံတစ်ရာ တုန့်ပြန်ခြင်း မရှိသေးပါ။
#HsanLoiVoice
https://instagram.com/hsan.loivoice?igshid=YmMyMTA2M2Y=
https://hsanloivoice.org/