ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
ဩဂုတ်လ(၂၄)ရက်နေ့ ညနေ(၅း၄၅)မိနစ်တွင် သျှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့မှ ရန်ကုန်သို့ ထွက်ခွာသည့် AIR KBZ လေယာဉ်ပေါ်တွင် အောင်မြင်စွာမွေးဖွားခဲ့သော သမီးငယ်လးသည် တစ်သက်တာလေယာဉ်စီးနှင်းခွင့်ရရှိမည်ဖြစ်ကြောင်း သတင်းရရှိသည်။
AIR KBZ လေယာဉ်သည် တာချီလိတ်မြို့တာချီလိတ်လေဆိပ်မှ စတင်ထွက်ခွာပျံသန်းပြီး နာရီဝက်ခန့်အကြာတွင် ကိုယ်ဝန်သည်အမျိုးသမီးတစ်ဦးက ဗိုက်နာလာသောကြောင့် လေယာဉ်ကို တာချီလိတ်လေဆိပ်သို့ အရေးပေါ် ပြန်လည်ဆင်းသက်ခဲ့ရသည်။ ထို့နောက် လေယာဉ်ပေါ်တွင်ပင် သမီးငယ်လေးအား အောင်မြင်စွာဖွားမြင်နိုင်ခဲ့သည်ဟု သိရသည်။
ယခုအခါ ကလေးငယ်နှင့်မိခင်ဖြစ်သူသည် ကျန်းမာရေးကောင်းမွန်လျက်ရှိပြီး လေယာဉ်ပေါ်တွင် မွေးဖွားခဲ့သူသမီးငယ်လေးအား AIR KBZ မှ တစ်သက်တာလေယာဉ်စီးနှင်းခွင့်ပြုမည်ဟု သတင်းရရှိသည်။