နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

AA အပါအဝင် တိုင်းရင်းသားများ လက်နက်ကိုင်လမ်းစဉ် စွန့်လွှတ်ကြရန် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရခိုင်ပြည်နယ်နေ့သို့ ပေးပို့သည့် သဝဏ်လွှာမှာ တိုက်တွန်းပြောကြား

AA အပါအဝင် တိုင်းရင်းသားများ လက်နက်ကိုင်လမ်းစဉ် စွန့်လွှတ်ကြရန် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရခိုင်ပြည်နယ်နေ့သို့ ပေးပို့သည့် သဝဏ်လွှာမှာ တိုက်တွန်းပြောကြား

Hsan Loi Editor
15/12/2024
Share:

 

အာရက္ခတပ်‌တော် AA နှင့် MNDAA ၊ TNLA၊ PDF တို့ အပါအဝင် တိုင်းရင်းသားများ လက်နက် ကိုင် လမ်းစဉ်ကို စွန့်လွှတ်ကြပြီး လမ်းကြောင်းမှန်ပေါ်သို့လာရန် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကယနေ့ ဒီဇင်ဘာလ(၁၅)ရက်နေ့မှာ ကျရောက်သည့် နှစ် ၅၀ ပြည့် ရခိုင်ပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့တဲ့ သဝဏ်လွှာမှာ တိုက်တွန်းပြောဆိုလိုက်ပါသည်။

 

၂၀၂၃ ခုနှစ် အောက်တိုဘာလက စတင်ခဲ့တဲ့ MNDAA၊ TNLA၊ AA နှင့် PDF တို့ကြောင့် ပြည်သူများ ၏ လူမှုစီးပွားအခြေနေ ပိုမိုဆိုးရွာစေခဲ့ပြီး နိုင်ငံရေးကို အကြောင်းပြပြီး လွဲမှားသော အယူအဆများဖြင့် အကြမ်းဖက် လုပ်ရပ်များကို လုပ်ဆောင်နေကြခြင်းဖြစ်တယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် က ပြောပါသည်။

 

MNDAA ၊ TNLA ၊ AA နှင့် PDF တို့ အနေဖြင့် ပါတီစုံ ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းရန်နှင့် လက်နက်ကိုင်အကြမ်းဖက်နည်းဖြင့် မိမိတို့ လိုလားချက်ကို တောင်းဆို၍ မရဘဲ နိုင်ငံရေးစားပွဲ၀ိုင်းသို့ရောက်လာပြီး ငြိမ်းချမ်းစွာ ဖြေရှင်းသောနည်းဖြင့်သာ ပဋိပက္ခ များကို ပြေလည်စေမည်ဖြစ်သည်ကို သိရှိကြပြီး လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ပြီး လမ်းကြောင်း မှန်ပေါ် ရောက်ရှိကြရေး မင်းအောင်လှိုင်က တိုက်တွန်းထားကြောင်း စစ်ကောင်စီထိန်းချုပ်ထားတဲ့ သတင်းဌာနမှ သိရသည်။

 

AA အနေဖြင့် ရခိုင်ပြည်နယ်တွင် စစ်ကောင်စီ ကင်းစင်ရေးအတွက် မြို့များကို တိုက်ခိုက်သိမ်းပိုက်နေပြီး ပလက်ဝမြို့အပါအဝင် မြို့ပေါင်း (၁၃)မြို့ကို သိမ်းပိုက်ထားကာ လက်ရှိတွင် ဂွမြို့နယ်နှင့် အမ်းမြို့နယ်တို့မှာ တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။

 

ထို့အပြင် တောင်ကုတ် စကခ(၅)မှ တပ်ရင်းမှူး အဆင့်အပါအဝင် တပ်သားရာနှင့်ချီ အလံဖြူထောင် လက်နက်ချအညံ့ခံသလို စစ်တွေမြို့ရှိ စစ်တပ်အရာရှိများလည်း နေပြည်တော်တို့ ပြောင်းရွှေ့နေကြကြောင်း ဒေသတွင်းသတင်းရင်းမြစ်မှ သိရသည်။