ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ | တောင်ကြီး-ဟိုပုံးလမ်းမှာ ရပ်ထားတဲ၁၂ဘီးကားကို ဆီဘောက်ဆာကားက အရှိန်လွန်ပြီး ဝင်တိုက်မိလို့ယာဥ်မောင်းတစ်ဦး ပွဲချင်းပြီး သေဆုံး | နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကို (၁၀) ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ထုတ်ပြန် | ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

မူဆယ်မြို့တွင် လူ(၆)ဦးက လက်နက်အပြည့်အစုံဖြင့် နေအိမ်တစ်အိမ်ကို ဓားပြဝင်တိုက်၊ တရုတ်ယွမ်ငွေ (၂) သိန်း၊ ကျပ်ငွေသိန်း (၇၀) နှင့် မြေဂရန်စာရွက် (၅)ရွက် ပါသွားဟုဆို

မူဆယ်မြို့တွင် လူ(၆)ဦးက လက်နက်အပြည့်အစုံဖြင့် နေအိမ်တစ်အိမ်ကို ဓားပြဝင်တိုက်၊ တရုတ်ယွမ်ငွေ (၂) သိန်း၊ ကျပ်ငွေသိန်း (၇၀) နှင့် မြေဂရန်စာရွက် (၅)ရွက် ပါသွားဟုဆို

ahadmin
27/11/2022
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့ တောင်ရပ်ကွက်ရှိ တရုတ်အိမ်တစ်အိမ်ကို နိုဝင်ဘာလ (၂၆) ရက်နေ့ ည(၇)နာရီ ဝန်းကျင်ခန့်၌ လက်နက်ကိုင်ထားသော အမျိုးသား(၆)ဦးက ကားဖြင့်ရောက်လာပြီး ဓားပြတိုက်သွားကြောင်း သတင်းရရှိသည်။

“ဖြစ်တာက ညနေပိုင်း (၇)နာရီလောက်ဆိုတော့ မှောင်နေပြီပေါ့။ အဲ့ဒီအိမ်မှာ တရုတ်တွေနေကြတာဖြစ်ပြီးတော့ သူတို့ဓားပြလာတိုက်တဲ့အချိန် အသက်(၈၀) ဝန်းကျင်လောက်ရှိတဲ့ အဘိုးအဘွား (၂) ယောက်ပဲ အိမ်မှာရှိနေတဲ့အချိန်မှာ ရောက်လာကြတာ။ သူတို့ သားသမီးတွေ အပြင်သွားနေကြတဲ့အချိန်ကို ရွေးပြီးလာကြတာဆိုတော့ ဓားပြအဖွဲ့က တော်တော်စုံစမ်းထားတာဖြစ်ရင်ဖြစ်မယ် မဟုတ်ရင် အတွင်းသိထဲကပဲဖြစ်လိမ့်မယ်။ ဓားပြတွေ (၆) ယောက်စလုံး က သေနတ်အတိုတွေ ကိုင်ဆောင်ထားကြတယ်လို့ပြောတယ်။” ဟု မူဆယ်ဒေသခံတစ်ဦးက Hsan Loi Voice ကိုပြောပြသည်။

ဓားပြမှုကြောင့် တရုတ်ယွမ်ငွေ (၂)သိန်း၊ မြန်မာကျပ်ငွေ သိန်း (၇၀) နှင့် အိမ်ဂရန် (၅) ရွက် ယူဆောင်သွားကြောင်း သိရသည်။ ၎င်းတို့သည် အသက်ကြီးအဘိုးအဘွား (၂)ဦးတည်း အိမ်တွင် ကျန်နေသည့်အချိန် ရောက်လာကြခြင်းဖြစ်ပြီး အိမ်တံခါးအတင်းဖွင့်ခိုင်းကာ ခြိမ်းခြောက် ဓားပြတိုက်သွားခြင်း ဖြစ်သည်။

#HsanLoiVoice

https://instagram.com/hsan.loivoice?igshid=YmMyMTA2M2Y=

https://hsanloivoice.org/