၉ ရက်ကြာ ပျောက်ဆုံးသွားသော အောင်ပန်းမြို့ ဂေါ်ရခါးအမျိုးသမီး ၁ ဦး သေဆုံးလျက်ပြန်တွေ့
10 April 2023 (09:41 PM)
ဧပြီလ ၉ ရက် ယမန်နေ့ည ၇ နာရီခွဲခန့်တွင် သျှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့၊ ကညနရုံးအနီး ထူးချွန်သွားလမ်း အနောက်ဘက် ခြံတခု၌ (အသတ်ခံရဟု ယူဆရသော) သေဆုံးနေသော အမျိုးသမီး ရုပ်အလောင်း တဦးကို ဒေသခံများက တွေ့ရှိခဲ့ကြောင်း သိရပါသည်။
ဧပြီလ ၁ ရက်နေ့ နံနက် ၁၀း၃၀ နာရီကစပြီး အောင်ပန်းမြို့၊ အမှတ် ၃ ရပ်ကွက် ဖုန်းဆိုင်မှ ပျောက်ဆုံးသွားသော မလတ်ချ်ပ်မီး အသက် ၂၂ နှစ်ဟု သိရပါသည်။
ဧပြီလ ၁၀ ရက် ယနေ့ ၁၂း၀၀ နာရီတွင် အောင်ပန်းဆေးရုံ မင်းဂူသုင်္သာန်သို့ ပို့ဆောင်သဂြိုလ်ပေးခဲ့ကြသည်ဟု သိရသည်။
