သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

၈ နှစ် အရွယ်ကလေးငယ်တစ်ဦးအား ပြန်ပေးဆွဲပြီး သတ်ဖြတ်ခဲ့သည့် လူငယ် ၂ဦးကို MNDAA က သေဒဏ်ပေးခဲ့ဟုဆို

၈ နှစ် အရွယ်ကလေးငယ်တစ်ဦးအား ပြန်ပေးဆွဲပြီး သတ်ဖြတ်ခဲ့သည့် လူငယ် ၂ဦးကို MNDAA က သေဒဏ်ပေးခဲ့ဟုဆို

Hsan Loi Editor
24/05/2023
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်းကွတ်ခိုင်မြို့နယ်တွင် ၂၀၂၂ခုနှစ် မတ်လ ၁၂ ရက်နေ့က အသက် (၈) နှစ်အရွယ်ကလေးငယ်တစ်ဦးအား လူတစ်စုမှ ဖမ်းဆီးပြီး ပြန်ပေးဆွဲ ငွေညစ်တောင်းခဲ့ကြောင်း သိရသည်။

ပြန်ပေးဆွဲမှုကျူးလွန်ခဲ့သည့် လူ(၂) ဦးသည့် ကလေးငယ်အား ပြန်ရွေးရန် တရုတ်ယွမ် ၅ သိန်း တောင်းခံခဲ့ပြီး မိဘများမှ ငွေကြေးတစ်ဝက်သာပေးနိုင်ခဲ့သည်ဟု ဆိုသည်။ ထို့ကြောင့် ၎င်းတို့မှ ကလေးအား သတ်ဖြတ်ပစ်ခဲ့ကြောင်း သိရသည်။

သို့သော် ၎င်းတို့ကို ၂၀၂၂ခုနှစ် မတ်လ ၂၅ ရက်နေ့က MNDAA အဖွဲ့မှ ပြန်လည်ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။ အဆိုပါ ပြန်ပေးဆွဲမှုနှင့် လူသတ်မှုကျူးလွန်ခဲ့သူ (၂)ဦးကို MNDAA အဖွဲ့မှ မေလ ၂၀ရက်နေ့ တွင် သေဒဏ်ပေးပြီး စီရင်ခဲ့ကြောင်း The Kokang သတင်းက ဖော်ပြထားသည်။