သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

(၁၀) ရက်တာကာလ ကယား (ကရင်နီပြည်နယ်) တိုက်ပွဲအတွင်း စစ်ကောင်စီဖက်က ဗိုလ်ကြီးအဆင့်ရှိသူအပါအဝင် စုစုပေါင်း (၄၀) ဦးကျော် သေဆုံးခဲ့ဟုဆို

(၁၀) ရက်တာကာလ ကယား (ကရင်နီပြည်နယ်) တိုက်ပွဲအတွင်း စစ်ကောင်စီဖက်က ဗိုလ်ကြီးအဆင့်ရှိသူအပါအဝင် စုစုပေါင်း (၄၀) ဦးကျော် သေဆုံးခဲ့ဟုဆို

Hsan Loi Editor
25/05/2023
Share:

 

၂၀၂၃ ခုနှစ်၊ မေလ (၁၄) ရက်နေ့က စတင်ပြီး ကယား (ကရင်နီပြည်နယ်) ဒီးမော့ဆိုမြို့နယ် အရှေ့ဖက်ခြမ်းရှိ တနီးလာလဲကျေးရွာ တောင်ပေါ်မှ ဒေါလျားခူကျေးရွာတောင်ပေါ်ဖက်သို့ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်များ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ခမရ (၄၂၅)၊ ခမရ (၅၁၇)၊ ခလရ (၂၈၇) တပ်ရင်းများနှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့ဘက်မှ ကရင်နီတပ်မတော် (KA) ၊ KNDF စစ်ဗျူဟာအမှတ် (၆) ၊ KNDF စစ်ဗျူဟာအမှတ် (၄)၊ KNDF – ETD ၊ KNDF-UAV နှင့် Loikaw PDF တို့ ဖြစ်သည်။

 

(၁၀) ရက်နီးပါး ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ဗိုလ်ကြီးအဆင့်ရှိသူ (၁) ဦး၊ ဗိုလ်အဆင့်ရှိသူ (၂) ဦး အပါအဝင် စစ်ကောင်စီတပ်သား (၄၀) ဦးနီးပါး သေဆုံးခဲ့ကြောင်း KNDF ဘက်မှ သတင်းထုတ်ပြန်ထားသည်။

 

တိုက်ပွဲ၌ စစ်ကောင်စီတပ်ထံမှ MA-1 (၈) လက်၊ MA-2 (၁) လက်၊ MA-3 (၃) လက်၊ MA-4 (၁) လက်၊ 9 mm Pistol (၁) လက်၊ RPG (၂) လက်နှင့် ခဲယမ်းများစွာ သိမ်းဆည်းနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ကရင်နီပူးပေါင်းတပ်ဖွဲဘက်မှ KNDF တပ်သား (၇) ဦးနှင့် KA တပ်သားတစ်ဦး ကျဆုံးခဲ့သည်ဟု ဆိုသည်။ တိုက်ပွဲများဆက်လက်ဖြစ်ပွားနိုင်သေးပြီး ဒေသခံပြည်သူလူထုများအနေဖြင့် တိုက်ပွဲသတင်းကို နားစွင့်ပြီးမှ အသွားအလာပြုရန် KNDF မှ သတိပေးထုတ်ပြန်ထားသည်။