တောင်ကြီး မြို့နယ် ၊ အေးသာယာတွင် အသက် ၃၅ နှစ်အရွယ် အမျိုးသမီးတစ်ဦး မုဒိန်းကျင့် မီးရှို့သတ်ဖြတ်ခံရပြီးကျူးလွန်သူကိုလည်း ကိုဖမ်းဆီးရမိ ထားကြောင်း ရဲတပ်ဖွဲ့ ထုတ်ပြန်ချက် အရ သိရသည်။

အေးသာယာမြို့ ၊ စက်မှုဇုန်သွားလမ်း နာရီစင်အနီးရှိ လူမနေသည့် တဲတစ်လုံးအတွင်း လူသတ်၍ မီးရှို့ ဖျက်ဆီး ထားသော အလောင်းတစ်လောင်းကို အောက်တိုဘာလ ၂ ရက် မနက်ပိုင်း အချိန်တွင် တွေ့ရှိသဖြင့် အေးသာယာ နယ်မြေခံ ရဲတပ်ဖွဲ့မှ စုံစမ်း ဖော်ထုတ်ချက်အရ ကျူးလွန်သူကို ဖမ်းမိခဲ့ခြင်း ဖြစ်ကြောင်းဖော်ပြထားသည် ။

သေဆုံးသူအမျိုးသမီးအလောင်းသည် ရပ်ကွက် (၈)နေ မိဂျမ်း(ခ)နွယ်ဇင်အေး(၃၅)နှစ်ဖြစ်ပြီး ၎င်းမိဂျမ်းအား တောင်ကြီးမြို့ ရွှေတောင်ရပ်ကွက်နေ ခင်မင်ရင်းနှီးသူ မျိုးမင်းသူ(၄၃)နှစ်မှ လွန်ခဲ့ သည့် (၁၀)ရက်ကျော်ခန့်ညဘက်တွင်သားမယားအဖြစ်ပြုကျင့်ကာ ဦးခေါင်းအားဝရင်းဒုတ်ဖြင့် နှစ်ချက်ရိုက်နှက်ပြီး သတ်ဖြတ်၍သေဆုံးသွားစဥ် အလောင်းအား ဓာတ်ဆီ နှင့်အရက်များ လောင်းထည့်ကာ မီးရှိ့ဖျက်ဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့ ၏ထုတ်ပြန်ချက် များအရ သိရသည် ။