အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ | တောင်ကြီး-ဟိုပုံးလမ်းမှာ ရပ်ထားတဲ၁၂ဘီးကားကို ဆီဘောက်ဆာကားက အရှိန်လွန်ပြီး ဝင်တိုက်မိလို့ယာဥ်မောင်းတစ်ဦး ပွဲချင်းပြီး သေဆုံး | နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကို (၁၀) ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ထုတ်ပြန်

အီရန် အဆင့်မြင့်ခေါင်းဆောင်ကြီး ပစ်မှတ်ထားတိုက်ခိုက်ခံရကြောင်း အစ္စရေးအရာရှိ ပြောကြား

အီရန် အဆင့်မြင့်ခေါင်းဆောင်ကြီး ပစ်မှတ်ထားတိုက်ခိုက်ခံရကြောင်း အစ္စရေးအရာရှိ ပြောကြား

Hsan Loi Editor
01/03/2026
Share:
အမေရိကန်နဲ့အစ္စရေးတို့ရဲ့ ပူးပေါင်းတိုက်ခိုက်မှုများအတွင်း အီရန် ၏ အမြင့်ဆုံး ခေါင်းဆောင်ကြီး ဖြစ်သည့် အယာတိုလာ အလီ ခါမေနီ (Ayatollah Ali Khamenei)နှင့် အီရန်သမ္မတ မာဆွတ် ပီဇက်ရှ်ကီယန် (Masoud Pezeshkian) တို့ နှစ်ဦးစလုံးမှာ ပစ်မှတ်ထားခံခဲ့ရကြောင်း အစ္စရေး အရာရှိတစ်ဦးက ပြောကြားခဲ့သည်။
တိုက်ခိုက်မှုများ၏ ရလဒ်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးကြောင်း အဆိုပါအရာရှိက ဆိုသည်။
ယခုကိစ္စနှင့် ပတ်သက်၍ သတင်းရင်းမြစ်တစ်ခုက ခါမေနီသည် တီဟီရန်မြို့တွင် ရှိမနေဘဲ လုံခြုံ စိတ်ချရသော နေရာတစ်ခုသို့ ပြောင်းရွှေ့ထားပြီးဖြစ်ကြောင်း ရိုက်တာသတင်းဌာနသို့ အစောပိုင်းက ပြောကြားခဲ့သည်။
အီရန်အာဏာပိုင်အဖွဲ့အစည်းနှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ခု၏ အဆိုအရ တိုက်ခိုက်မှုများ အတွင်း တော်လှန်ရေးအစောင့်တပ်ဖွဲ့ (Revolutionary Guard) မှ အဆင့်မြင့်တပ်မှူးအချို့နှင့် နိုင်ငံရေး အရာရှိများ သေဆုံးခဲ့ကြောင်း သိရသည်။
အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အရတ်ချီ (Abbas Araqchi) မှာမူ ဘေးကင်းလုံခြုံစွာ ရှိနေကြောင်း အီရန်မီဒီယာများက ဖော်ပြထားကြောင်း သိရပါသည်။
Ref; Reuters