သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

အရှေ့အလယ်ပိုင်းမှ ရေနံစိမ်း စည်ပေါင်း ၇ သိန်း တင်ဆောင်လာသည့် ဘန်ချက် (Bangchak) ရေနံတင်သင်္ဘော ထိုင်းနိုင်ငံသို့ ဘေးကင်းစွာဆိုက်ရောက်လာ

အရှေ့အလယ်ပိုင်းမှ ရေနံစိမ်း စည်ပေါင်း ၇ သိန်း တင်ဆောင်လာသည့် ဘန်ချက် (Bangchak) ရေနံတင်သင်္ဘော ထိုင်းနိုင်ငံသို့ ဘေးကင်းစွာဆိုက်ရောက်လာ

Hsan Loi Editor
13/04/2026
Share:
အရှေ့အလယ်ပိုင်းဒေသထွက် ရေနံစိမ်း စည်ပေါင်း ၇၀၀,၀၀၀ ခန့် တင်ဆောင်လာသည့် ရေနံတင် သင်္ဘောတစ်စင်းသည် ဘန်ချက်ကော်ပိုရေးရှင်း (Bangchak Corporation)၏ သီရိရာချာ(Si Racha) ရေနံချက်စက်ရုံဆိပ်ကမ်းသို့ ဘေးကင်းစွာ ဆိုက်ရောက်လာပြီဖြစ်ကြောင်း ကုမ္ပဏီက ပြောကြားခဲ့ကြောင်း ထိုင်းသတင်းများက ရေးသားဖော်ပြထားသည်။
May be an image of the Panama Canal
အဆိုပါသင်္ဘောသည် အိန္ဒိယသမုဒ္ဒရာကို ဖြတ်ကျော်မောင်းနှင်လာခဲ့ပြီးနောက် ဧပြီလ ၇ ရက် ညပိုင်းတွင် သီရိရာချာရှိ ဘန်ချက်ရေနံချက်စက်ရုံသို့ ရောက်ရှိခဲ့ခြင်းဖြစ်ပြီး စားသုံးသူများအတွက် စက်သုံးဆီထုတ်ကုန်များ ပြတ်တောက်မှုမရှိစေရန် အဆိုပါရေနံစိမ်းများကို ချက်လုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
May be an image of boat, the Panama Canal and text
ဘန်ချက်ကုမ္ပဏီ၏ ရေနံတင်သင်္ဘောသည် မတ်လ ၁၁ ရက်နေ့ကတည်းက ပါရှန်းပင်လယ်ကွေ့တွင် ကျောက်ချရပ်နားခဲ့ရပြီး ထိုင်း၊ အီရန်နှင့် အိုမန်နိုင်ငံတို့၏ သံတမန်ရေးရာ ညှိနှိုင်းမှုများ ပြုလုပ်ပြီးနောက်မှသာ ရေလက်ကြားကို ဖြတ်သန်းခွင့် ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကုမ္ပဏီပိုင် ရေနံချက်စက်ရုံ ၂ ခု ဖြစ်သည့် ဖရာခနောင် (Phra Khanong) နှင့် သီရိရာချာ စက်ရုံများသို့ ရေနံစိမ်းပေးပို့မှုများသည် သတ်မှတ်ထားသည့် အစီအစဉ်အတိုင်း ရှိနေဆဲဖြစ်ကြောင်း ဘန်ချက်ကုမ္ပဏီ က ပြောကြားခဲ့သည်။
ထို့အပြင် ကုမ္ပဏီအနေဖြင့် လက်ရှိတွင် ၂ လစာခန့် ထုတ်လုပ်နိုင်မည့် ရေနံစိမ်း အရန်သင့်ရှိထားပြီး စွမ်းအင်ထောက်ပံ့မှု တည်ငြိမ်စေရန်အတွက် အခြေအနေကို အနီးကပ် ဆက်လက်စောင့်ကြည့်သွားမည် ဖြစ်ကြောင်း ကုမ္ပဏီက ထပ်လောင်းပြောကြားခဲ့ကြောင်း သိရပါသည်။
ကိုးကား − Thai Enquirer