သျှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ရှိ စစ်ကောင်စီ၏ အရေးကြီးသည့် တိုင်းစစ်ဌာနချုပ်ဖြစ်သော အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (ရမခ) ကို ယနေ့ (၃.၈.၂၀၂၄) ရက်နေ့ နံနက်ပိုင်းတွင် MNDAA နှင့် တော်လှန်ရေးအင်အားစုများက အပြီးသိမ်းပိုက်ရရှိပြီဖြစ်ကြောင်း သိရသည်။
ရမခ ကျဆုံးပြီဖြစ်ကြောင်း CDM ဗိုလ်ကြီးဇင်ယော်ကလည်း ၎င်း၏လူမှုကွန်ယက်စာမျက်နှာတွင်ဖော်ပြခဲ့သည်။
လက်ရှိတွင် ရမခအတွင်း စစ်ကောင်စီတပ်သားများ မရှိတော့ဘဲ MNDAA တပ်သားများက ဝင်ရောက်နေရာယူခဲ့ပြီဖြစ်ပြီး ရမခတိုင်းမှူး ဗိုလ်ချုပ်စိုးတင့်လည်း ပျောက်ဆုံးနေသည်ဟုဆိုသည်။
