အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ | တောင်ကြီး-ဟိုပုံးလမ်းမှာ ရပ်ထားတဲ၁၂ဘီးကားကို ဆီဘောက်ဆာကားက အရှိန်လွန်ပြီး ဝင်တိုက်မိလို့ယာဥ်မောင်းတစ်ဦး ပွဲချင်းပြီး သေဆုံး | နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကို (၁၀) ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ထုတ်ပြန်

အရက်သောက်သုံးမှုအလေ့အထ လျော့နည်းစေရန်ဆိုပြီး စစ်ကော်မရှင်က ယစ်မျိုးဥပဒေအသစ် ပြဋ္ဌာန်း

အရက်သောက်သုံးမှုအလေ့အထ လျော့နည်းစေရန်ဆိုပြီး စစ်ကော်မရှင်က ယစ်မျိုးဥပဒေအသစ် ပြဋ္ဌာန်း

Hsan Loi Editor
09/03/2026
Share:
အရက်နဲ့ ယစ်မျိုးသက်ဝင်ပစ္စည်းကို အများပြည်သူသုံးစွဲမှု စနစ်ကျနမှုရှိစေဖို့၊ အရက်သောက်သုံးမှု အလေ့အထ လျော့နည်းစေဖို့နဲ့ အရက်သောက်သုံးမှု လျှော့ချနိုင်စေဖို့ဆိုပြီး အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာ/လုံ) က မတ်လ ၇ ရက်နေ့က ယစ်မျိုးဥပဒေအသစ် ပြဋ္ဌာန်း လိုက်ပါတယ်။
May be an image of text
အရက်ကို ထုတ်လုပ်တာ၊ သိုလှောင်တာ၊ သယ်ယူပို့ဆောင်တာ၊ ဖြန့်ဖြူးရောင်းချတာ၊ ပြည်ပမှတင်သွင်း တာနဲ့ ပြည်ပသို့ တင်ပို့တာတွေကို စနစ်တကျဆောင်ရွက်နိုင်ဖို့နဲ့ နိုင်ငံတော်အတွက် ရသင့်ရထိုက်တဲ့ ယစ်မျိုးခွန်တွေ အပြည့် အဝရရှိစေရေး ကြီးကြပ်နိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပြဋ္ဌာန်းတာ ဖြစ်တယ်လို့ ဆိုပါတယ်။
May be an image of text
အသစ်ပြဋ္ဌာန်းလိုက်တဲ့ အဲ့ဒီ ယစ်မျိုးဥပဒေမှာ အခန်း ၁၈ နဲ့ ပုဒ်မ ပေါင်း ၈၀ ကျော်ပါဝင်တာဖြစ်ပါတယ်။
ဒီဥပဒေကို နိုင်ငံတော်သမ္မတက အမိန့်ကြော်ငြာစာ ထုတ်ပြန်ပြီး သတ်မှတ်တဲ့ နေ့ရက်မှ စတင် အာဏာတည်စေရမယ်လို့ ဆိုပါတယ်။
May be an image of text
ယစ်မျိုးနဲ့ သက်ဆိုင်တဲ့ ထုတ်လုပ်တာ၊ တန်းဖိုးမြင့်ထုတ်ကုန်အဖြစ် ထုတ်လုပ်တာ၊ ပုလင်းသွတ်တာ၊ ဖြန့်ဖြူး ရောင်းချတာတွေအတွက် ယစ်မျိုးလိုင်စင် လျှောက်ထားရမှာဖြစ်တယ်လို့လည်း ဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်။
May be an image of text
ယစ်မျိုးလိုင်စင်ကိုတော့ မြန်မာနိုင်ငံသားဥပဒေပါ နိုင်ငံသား၊ ဧည့်နိုင်ငံသား ဒါမှမဟုတ် နိုင်ငံသား ပြုခွင့် ရသူ၊ မြန်မာနိုင်ငံကုမ္ဗဏီများ ဥပဒေနဲ့ မှတ်ပုံတင်ထားတဲ့ မြန်မာနိုင်ငံသားပိုင် ကုမ္ဗဏီ ဒါမှမဟုတ် နိုင်ငံခြားသား အစုရှယ်ယာ ၄၉ ရာခိုင်နှုန်းအောက် ပါဝင်တဲ့ နိုင်ငံခြားကုမ္ဗဏီ၊ မြန်မာနိုင်ငံသား တစ်ဦး တည်းပိုင် ကုမ္ဗဏီ၊ မြန်မာနိုင်ငံသားတွေနဲ့ ဖွဲ့စည်းထားတဲ့ စီးပွားရေးလုပ်ငန်းဆိုင်ရာ အဖွဲ့အစည်း ဒါမှ မဟုတ် အစုစပ်လုပ်ငန်း အဖွဲ့အစည်းတွေ လျှောက်ထားနိုင်တယ်လို့ ဥပဒေပုဒ်မ ၁၂ မှာ ပြဋ္ဌာန်းထား ပါတယ်။May be an image of text