အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ | တောင်ကြီး-ဟိုပုံးလမ်းမှာ ရပ်ထားတဲ၁၂ဘီးကားကို ဆီဘောက်ဆာကားက အရှိန်လွန်ပြီး ဝင်တိုက်မိလို့ယာဥ်မောင်းတစ်ဦး ပွဲချင်းပြီး သေဆုံး | နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကို (၁၀) ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ထုတ်ပြန်

အမေရိကန်ရဲ့ စစ်အခြေစိုက်စခန်းတွေကို အီရန်က ပစ်မှတ်ထား တုံ့ပြန်တိုက်ခိုက်

အမေရိကန်ရဲ့ စစ်အခြေစိုက်စခန်းတွေကို အီရန်က ပစ်မှတ်ထား တုံ့ပြန်တိုက်ခိုက်

Hsan Loi Editor
01/03/2026
Share:
ဖေဖော်ဝါရီလ ၂၈ ရက် ဒေသစံတော်ချိန် နံနက်ပိုင်းမှာ အမေရိကန်နဲ့ အစ္စရေးတို့က အီရန်စစ်တပ်နှင့် အစိုးရ ပစ်မှတ်များကို စတင်တိုက်ခိုက်ခဲ့ပြီးနောက် အီရန်ဘက်မှလည်း ပင်လယ်ကွေ့ဒေသရှိ နိုင်ငံ အချို့မှ အမေရိကန်စစ်အခြေစိုက်စခန်းများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့သလို အစ္စရေးနိုင်ငံဘက်သို့ လည်း ဒုံးကျည်များစွာဖြင့် လက်တုံ့ပြန်ပစ်ခတ်ခဲ့တယ်လို့ အီရန်ဘက်က ပြောကြားခဲ့ပါတယ်။May be an image of text
ဒေသတွင်းရှိ နိုင်ငံအချို့မှာ ဒုံးကျည်ကာကွယ်ရေးစနစ်များ အသုံးပြုကာ ကြားဖြတ်ဟန့်တားမှုများ လုပ်ဆောင်နေစဉ် ပေါက်ကွဲသံများ ပျံ့နှံ့ထွက်ပေါ်ခဲ့ပါတယ်။ အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) နဲ့ နီးစပ်တဲ့ Nour News သတင်းဌာန၏ အဆိုအရ အီရန်သည် အစ္စရေးနိုင်ငံဘက်သို့ ပစ်မှတ်ထားကာ ပဲ့ထိန်းဒုံးကျည် (ballistic missiles) “ အစင်းပေါင်းများစွာ” ပစ်ခတ်ခဲ့ကြောင်း သိရသော်လည်း ထိခိုက်သေဆုံးမှု သတင်းများမူ မသိရှိရသေးပါဘူး။
May be an image of the Western Wall
IRGC ရဲ့ ထုတ်ပြန်ချက်မှာ ကာတာနိုင်ငံရှိ အမေရိကန်ရဲ့ ဒေသတွင်း အကြီးဆုံးလေတပ်စခန်းဖြစ်တဲ့ Al-Udeid လေတပ်စခန်း၊ ကူဝိတ်နိုင်ငံရှိ Al-Salem လေတပ်စခန်း၊ ယူအေအီး (UAE) ရှိ အဘူဒါဘီမြို့အနီးက Al-Dhafra လေတပ်စခန်းနှင့် ဘာရိန်းနိုင်ငံရှိ အမေရိကန်ရေတပ်ရဲ့ (5th Fleet) ဌာနချုပ် အခြေစိုက်စခန်းတို့ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။No photo description available.
ဒါ့အပြင် ဂျော်ဒန်နိုင်ငံရှိ Muwaffaq Al-Salti လေတပ်စခန်းနှင့် အီရတ်မြောက်ပိုင်း (Kurdistan ဒေသ) ရှိ အမေရိကန်အခြေစိုက်စခန်းတစ်ခု တို့လည်း တိုက်ခိုက်ခံခဲ့ရကြောင်း အီရန်နိုင်ငံပိုင် မီဒီယာများက ဖော်ပြထားပါတယ်။
May be an image of fire and oil refinery
ယူအေအီးနိုင်ငံသို့ ပစ်ခတ်ခဲ့တဲ့ ဒုံးကျည်အချို့ကို ကြားဖြတ်ဟန့်တားနိုင်ခဲ့သော်လည်း ဒုံးကျည် အပျက်အစီးများက လူနေရပ်ကွက်အတွင်းသို့ ကျရောက်ခဲ့တာကြောင့် အရပ်သားတစ်ဦး သေဆုံးခဲ့ကြောင်း ယူအေအီးအစိုးရသတင်းဌာနက ဆိုပါတယ်။
Ref: CNN