သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

အနာဂတ်ကာလမှာ သျှမ်းပြည်သည် သျှမ်းပြည်အတွင်းရှိ တိုင်းရင်းသားများ စုပေါင်းတည်ထောင်တဲ့ ပြည်ထောင်စုသျှမ်းပြည် အဖြစ် တည်ဆောက်ရမယ်လို့ RCSS ဥက္ကဋ္ဌ ပြော

အနာဂတ်ကာလမှာ သျှမ်းပြည်သည် သျှမ်းပြည်အတွင်းရှိ တိုင်းရင်းသားများ စုပေါင်းတည်ထောင်တဲ့ ပြည်ထောင်စုသျှမ်းပြည် အဖြစ် တည်ဆောက်ရမယ်လို့ RCSS ဥက္ကဋ္ဌ ပြော

Hsan Loi Editor
07/02/2025
Share:

 

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS အနေနဲ့ ပြဿနာများကို ဆွေးနွေးခြင်း နည်းလမ်းဖြင့် ဖြေရှင်းနိုင်ရေး ပေါ်လစီချမှတ်ထားတဲ့အတွက် အဖွဲ့အစည်းတိုင်းနဲ့ တွေ့ဆုံဆွေးနွေးနိုင် ရေးကို အမြဲတမ်းတံခါးဖွင့်ထားပြီး အနာဂတ်ကာလမှာ သျှမ်းပြည်ဟာ သျှမ်းပြည်တိုင်းရင်းသားများ စုပေါင်းတည်ထောင်တဲ့ ပြည်ထောင်စုသျှမ်းပြည် အဖြစ် တည်ဆောက်ရမယ်လို့ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွတ်စစ် က ပြောပါတယ်။

 

ယနေ့ ဖေဖော်ဝါရီလ(၇)ရက်နေ့ နံနက်ပိုင်းက မိုင်းပန်မြို့နယ်၊ နားဆာလဲကျေးရွာရှိ ငြိမ်းချမ်းရေး ကွင်းမှာပြုလုပ်တဲ့ (၇၈)နှစ်မြောက် သျှမ်းပြည်အမျိုးသားနေ့ အခမ်းအနားမှာ သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော် (RCSS/SSA) ဥက္ကဋ္ဌ က အထက်ပါအတိုင်း ပြောကြား တာြဖစ်ပါတယ်။

 

ဒါ့အပြင် ပြည်ထောင်စုမြန်မာနိုင်ငံဟာလည်း လက်ရှိ ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းနဲ့ ကိုက်ညီတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရမယ်လို့ ဆိုပါတယ်။

 

တော်လှန်ရေးအဖွဲ့အစည်းတိုင်းသည် မိမိလူမျိုးအတွက် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေး၊ တိုင်းပြည်အေးချမ်းသာယာဖွံ့ဖြိုးတိုးတက်ရေးနဲ့ စီးပွားရေး ကောင်းမွန်ရေးအတွက် တော်လှန်နေကြ တာဖြစ်ကာ ပြဿနာဖြေရှင်းနိုင်ရေးအတွက် အဖွဲ့အစည်းတိုင်းက နိုင်ငံရေးဆွေးနွေးပွဲကို လွတ်လွတ် လပ်လပ် ကျင်းပရမှာဖြစ်ပြီး စစ်ရေးဖြင့် ပြဿနာများ ဖြေရှင်းပါက ပြည်ထောင်စုတဝန်းလုံးရှိ ပြည်သူ လူထုများသာ အတိဒုက္ခ ဘေးအန္တရာယ်များနဲ့ ကြုံတွေ့ရမှာဖြစ်တယ်လို့ ထည့်သွင်းပြောကြားသွား ပါတယ်။