သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

အစိုးရရုံးပိတ်ရက်နှင့် အများပြည်သူအလုပ်ပိတ်ရက်များ၏ ကြားရက်များကို တစ်ဆက်စပ်တည်း ပိတ်ပေးပြီး ပိတ်သောရက်များအတွက် စနေတစ်ရက် ပြန်အစားထိုးရန် စစ်ကောင်စီက သတ်မှတ် ကြေညာ

အစိုးရရုံးပိတ်ရက်နှင့် အများပြည်သူအလုပ်ပိတ်ရက်များ၏ ကြားရက်များကို တစ်ဆက်စပ်တည်း ပိတ်ပေးပြီး ပိတ်သောရက်များအတွက် စနေတစ်ရက် ပြန်အစားထိုးရန် စစ်ကောင်စီက သတ်မှတ် ကြေညာ

Hsan Loi Editor
22/12/2024
Share:

 

အများပြည်သူနှင့် နိုင်ငံ့ဝန်ထမ်းများ ခရီးသွားလာမှုလွယ်ကူစေရန်နှင့် ရက်ရှည်အနားယူ အပန်းဖြေနိုင်စေရန်အတွက် အစိုးရရုံးပိတ်ရက်နှင့် အများပြည်သူ အလုပ်ပိတ်ရက်များ၏ ကြားရက်များကို တစ်ဆက်တည်း ရုံးပိတ်ရက် အ ဖြစ် သတ်မှတ်ပေးသွားပြီး ပိတ်ရက်များအတွက် စနေတစ်ရက် ပြန်အစားထိုး သတ်မှတ်ကြောင်း စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မီဒီယာများထံမှ ကြေညာသွားပါသည်။

 

စစ်ကောင်စီမှ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလနှင့် ၂၀၂၅ ခုနှစ်အတွင်း ပိတ်ရက်ရှည်များကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်မှ ဇန်နဝါရီလ ၁ ရက်နေ့အထိ ရုံးပိတ်ရက်အဖြစ်သတ်မှတ်ပြီး ရုံးပိတ်ရက် ၅ ရက် ဖြစ်ကြောင်း ကြေညာထားသည်။

 

ထို့အပြင် ၂၀၂၅ ခုနှစ်၊ မတ်လ ၁၂ ရက်မှ ၁၆ ရက်နေ့အထိ ရုံးပိတ်ရက်ရှည် (၅)ရက်၊ နိုဝင်ဘာလ ၁ ရက်နေ့မှ ၄ ရက်နေ့အထိ ရုံးပိတ်ရက် (၄)ရက်၊ ဒီဇင်ဘာလ ၂၅ ရက်မှ ၂၈ ရက်နေ့အထိ ရုံးပိတ်ရက် (၄)ရက် ဖြစ်မည်ဟု ထုတ်ပြန်ကြေညာထားသည်။

 

ပိတ်ရက်ရှည်အဖြစ် သတ်မှတ်ပေးသည့် ရုံးပိတ်ရက်ရှည်များ၏ ရှေ့လာမည့် အနီးဆုံး စနေနေ့ တစ်ရက်စီကို အစားထိုးရုံးတက်ရက်များအဖြစ် သတ်မှတ်မည်ဖြစ်သည်။

 

အစားထိုး ပိတ်ရက်များအနေနဲ့ ပထမရုံးပိတ်ရက်ရှည်အတွက် လာမည့် ဇန်နဝါရီလ ၁၁ ရက် (စနေနေ့)၊ ဒုတိယ ရုံးပိတ်ရက်ရှည်အတွက် မတ်လ ၂၂ ရက်(စနေနေ့)နှင့် မတ်လ ၂၉ ရက်(စနေနေ့)၊ တတိယရုံးပိတ်ရက်ရှည်အတွက် နိုဝင်ဘာလ ၈ ရက် (စနေနေ့)၊ စတုတ္ထ ရုံးပိတ်ရက်ရှည်အတွက် ၂ဝ၂၆ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်(စနေနေ့)တို့ကို အစားထိုး ရုံးတက်ရက်များအဖြစ် သတ်မှတ်မည်ဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားပါသည်။