တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ | တောင်ကြီး-ဟိုပုံးလမ်းမှာ ရပ်ထားတဲ၁၂ဘီးကားကို ဆီဘောက်ဆာကားက အရှိန်လွန်ပြီး ဝင်တိုက်မိလို့ယာဥ်မောင်းတစ်ဦး ပွဲချင်းပြီး သေဆုံး | နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကို (၁၀) ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ထုတ်ပြန် | ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

အင်းလေးဖောင်တော်ဦးဘုရား ဒေသစာရီကြွချီအပူဇော်ခံမည်

အင်းလေးဖောင်တော်ဦးဘုရား ဒေသစာရီကြွချီအပူဇော်ခံမည်

Hsan Loi Editor
09/08/2023
Share:

 

၂၀၂၀ ခုနှစ်ကတည်းက ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် သျှမ်းပြည်နယ်တောင်ပိုင်း၏ အထင်ကရပွဲတော်တစ်ခုဖြစ်သည့် အင်းလေးဖောင်တော်ဦးရုပ်ရှင်တော်မြတ်များ ဒေသစာရီကြွချီအပူဇော်ခံခြင်းကို ရပ်နားခဲ့ရသည်။

ယခုနှစ် ၂၀၂၃ ခုနှစ်တွင် အင်းလေးဖောင်တော်ဦးရုပ်ရှင်တော်မြတ်ဒေသစာရီအပူဇော်ခံခြင်းကို ပြန်လည်ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း ညောင်ရွှေမြို့နယ် သံဃာ့နာယကအဖွဲ့ဆရာတော်များ နှင့် ဘုရားဂေါပကများက ယနေ့ပြုလုပ်သော အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြောင်း သတင်းရရှိသည်။

ယနေ့ (၉.၈.၂၀၂၃)ရက်နေ့၌ သျှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့တွင် သံဃာ့နာယကများ၊ ဖော်တော်ဦးမြတ်စွာဘုရား ရုပ်ရှင်တော်မြတ်ကြီး၏ ဆရာတော်များ နှင့် ဖောင်တော်ဦးဘုရား ဂေါပကများက အစည်းအဝေးပြုလုပ်ခဲ့ပြီး အဆိုပါဆုံးဖြတ်ချက်ကို ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

အင်းလေးဖောင်တော်ဦးဘုရား ဒေသစာရီကြွချီအပူဇော်ခံခြင်းကို (၁၅.၁၀.၂၀၂၃)ရက်နေ့မှ (၁.၁၁.၂၀၂၃)ရက်နေ့အထိ ရှေးရိုးရာအစဉ်အလာအတိုင်း အင်းလေးဒေသ(၂၁)ဌာနသို့ ကြွရောက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။