အင်အားပြင်းငလျင်ဒဏ်ကြောင့် သျှမ်းပြည်နယ်တောင်ပိုင်း၊ အင်းလေးဒေသမှာ သေဆုံးသူ ၅၀ ဦးထက်မနည်းရှိပြီး သေဆုံးသူများထဲမှာ မွေးကင်းစ ကလေး၊ ၅ နှစ်အောက် ကလေးနဲ့ သက်ကြီးရွယ်အိုများ ပါဝင်တယ်လို့ အင်းလေးဒေသလူ့အခွင့်အရေး ထံမှသိရပါတယ်။
ယမန်နေ့ မတ်လ ၂၉ ရက် ညနေထိ ကောက်ယူရရှိထားသောစရင်းများအရ ငလျင်ဒဏ်ကြောင့် အင်းလေးဒေသရှိ အရပ်သားနေအိမ် ထိခိုက်ပျက်ဆီးမှု စုစုပေါင်း (၁၉၇၂)လုံး ထက်မနည်းရှိနေတယ်လို့ သိရပါတယ်။
” အင်းလေးဒေသရှိ အိမ်များဟာ ရေပေါ်အိမ်များဖြစ်တဲ့အတွက် အခြေယိုင်နဲ့ပြီး ငလျင်ဒဏ်ကို ပိုခံစားရတာကြောင့် လက်ရှိ ကျေးရွာအတွင်းမှာ ပြန်လည် နေထိုင်ဖို့အခက်အခဲများစွာရှိနေပါတယ်၊အရေးပေါ် စားနပ်ရိက္ခာ၊ ရေသန့်၊ ဆိုလာမီးသီး၊ ကုန်ခြောက် စတာတွေလဲလိုအပ်နေပါတယ်” လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် အောက်တိုဘာလအတွင်းက အင်းလေးဒေသမှာ ရေဘေးသင့်ခံစားခဲ့ရပြီး ပြန်လည် ထူထောင်မှုများမပြီးဆုံးခင် ယခုလို ငလျင်ဒဏ် ပြန်လည်ခံစားရတာကြောင့် ဒေသခံပြည်သူများအနေနဲ့ အခက်အခဲများရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

Photo – အင်းလေးဒေသလူ့အခွင့်အရေး