သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

အင်းလေးဒေသဆောင်နန်းခဲတိုက်ပွဲတွင် IPDF ရဲဘော်၂ဦးကျဆုံး ခဲ့ဟုဆို

အင်းလေးဒေသဆောင်နန်းခဲတိုက်ပွဲတွင် IPDF ရဲဘော်၂ဦးကျဆုံး ခဲ့ဟုဆို

Hsan Loi Editor
20/12/2023
Share:

 

သျှမ်းပြည်တောင်ပိုင်း အင်းလေးဒေသဆောင်နန်းခဲ
တွင် စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားပြီး အင်းလေးပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့(IPDF) ရဲဘော်၂ဦးကျဆုံးခဲ့ ကြောင်း ထုတ်ပြန်ချက်အရ သိရသည် ။

ညောင်ရွှေမြို့နယ်၊အင်းလေးဒေသ၊ဆောင်နန်းခဲတွင် ဒီဇင်ဘာလ၁၁ရက်နေ့ မနက်၈နာရီအချိန်တွင် စစ်ကောင် စီနှင့် အင်းလေးပြည်သူ့ကာကွယ်တပ်ဖွဲ့ (IPDF) 1009 တပ်ရင်းအပါအဝင်၊1006၊KNDFနှင့်ရှမ်းတောင်ပြည်သူ့ကာကွယ်ရေးယ်ရေးတပ်ပေါင်းစုများစွာပါဝင်ခဲ့ပြီး1009 တပ်ရင်း(IPDF)မှရဲ ဘော်၂ဦး၊1006တပ်ရင်းမှရဲဘော်၁ဦးနှင့် ဒဏ်ရာရသူ အချို့ရှိခဲ့သည်ဟု IPDF ကထုတ်ပြန်ထားသည်။

ဒီဇင်ဘာလ (၁၁) ရက်နေ့ ညနေ (၃း၂၅ မိနစ်) အချိန်တွင် ဆောင်နန်းခဲကျေးရွာ အထက်ပိုင်း၊ တောင်ပေါ်စခန်းကုန်းအမျိုးအစားဖြစ်သည့်စစ်ကောင်စီ တပ်၏ ပွိုင့်ကုန်းကို မိုးဗြဲ-ဖယ်ခုံ ၁၁၁၁ မဟာမိတ်တော်လှန်ရေးအင်အားစုများက သိမ်း ပိုက် နိုင်ခဲ့ကြောင်း သိရသည် ။

မိုးဗြဲ-ဖယ်ခုံဇုန် ၁၁၁၁ စစ်ဆင်ရေးတွင် အလယ်ပိုင်းတိုင်း စစ်ဌာန၊ ရှမ်းတောင်စစ်ဒေသ (ခွဲ) ဗျူဟာ (၁)၏ ၁၀၀၁ (MB PDF-1)၊ ၁၀၀၂ (PK PDF-1)၊ ၁၀၀၄ (PKS PDF)၊ ၁၀၀၆ (PK PDF-2)၊ ၁၀၀၇ (MB PDF-2)၊ KNDF ဗျူဟာ (၁)၏ B-03၊ B-11နှင့် B-22၊ မြို့ပြတော်လှန်ရေးတပ်ဦး(Urban Revolutionary Front U.R.F)၊ ဗျူဟာ (၂)၏ ၁၀၀၃ တပ်ရင်း၊ ၁၀၀၈ SSRY တပ်ရင်းနှင့် ၁၀၀၉ IPDF တပ်ရင်း တို့ပါဝင်ပြီး တိုက်ပွဲဖြစ်ပွားချိန် မနက် ၈း၅၂ မိနစ်မှ ညနေ ၃း၂၅ မိနစ် အချိန်ထိဖြစ်ပွားခဲ့ကြောင်း သိရသည် ။

အဆိုပါ စစ်ဆင်ရေးကာလအတွင်း စစ်ကောင်စီဖက်မှ လက်နက်ကြီးပစ်ခတ်မှု (၉၂) ကြိမ်၊ လေ ကြောင်းတိုက်ခိုက်မှု (၁၂) ကြိမ်ပြုလုပ်ခဲ့ကြောင်းထုတ်ပြန်ချက် အရသိရသည် ။

မိုးဗြဲ ၁၁၁၁ (MB1111) စစ်ဆင်ရေး ကို မိုးဗြဲ-ဖယ်ခုံဇုန်မဟာမိတ်တော်လှန်ရေးတပ်ပေါင်းစုများ စုစည်းကာ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ (၁၁) ရက်နေ့ကတည်း ကစတင်ခဲ့ပြီး မိုးဗြဲ-ဖယ်ခုံဒေသအတွင်းရှိစစ်ကောင် စီ ခြေကုပ်ယူထားသော ကင်းစခန်းများ၊ ထောက်ပို့စခန်းများအား ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး လက်ရှိအချိန်ထိ ထိုးစစ်ဆင်ရန် ကြိုးစားနေဆဲဖြစ် သည်ဟု ထုတ်ပြန် ထားသည် ။