သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

အင်းလေးတွင် ပရဟိတဆရာတော်တစ်ပါးနှင့် အ မျိုးသား ၂ ဦးကို စစ်ကောင်စီဖမ်းဆီး

အင်းလေးတွင် ပရဟိတဆရာတော်တစ်ပါးနှင့် အ မျိုးသား ၂ ဦးကို စစ်ကောင်စီဖမ်းဆီး

Hsan Loi Editor
29/12/2022
Share:

 

သျှမ်းပြည်နယ်တောင်ပိုင်း အင်းလေးဒေသတွင် စစ်ရှောင်များကို ကူညီကယ်ဆယ်ထားသည့် ပရဟိတ ဆရာတော်တစ်ပါးကို စစ်ကောင်စီတပ်က ဒီဇင်ဘာလ ၂၈ ရက်နေ့ မနက်ပိုင်းတွင် ဝင်ရောက်ဖမ်း ဆီးသွားကြောင်း အင်းလေးဒေသ သတင်းရင်းထံမှ သိရသည်။

“ ဖမ်းခံလိုက်ရတာက အင်းတိမ်ညောင်အုပ် ဆရာတော်ပေါ့ ၊ အရင်လက ခရိုင်ထွေအုပ် ညွှန်ကြားချက်ဆိုပြီး ညောင်ရွှေထွေအုပ်က စာထွက်ထားတယ် စစ်ရှောင်တွေအကုန်နေရပ်ပြန်ရမယ် လက်ခံထားလို့မရတော့ဘူးဆိုပြီး ဆရာတော်က ငါကတော့ ပြန်မလွတ်နိုင်ဘူး စစ်တပ်မီးရှို့လို့ နေစရာမရှိတဲ့ သူတွေ ငါလက်ခံမယ် ကျွေးမယ် ငါလက်ခံလို့ ငါ့ကို ဖမ်းချင်ဖမ်းဆိုပြီးမိန့်တယ် ၊ အခုတော့ PDF နဲ့ဆက်သွယ်တယ်ဆိုပြီး စစ်ကောင်စီတပ်တွေကဖမ်းဆီးလိုက်ကြတယ် ” ဟုအမည်မဖော်လိုသည့် သတင်းရင်းမြစ်တစ်ဦးကပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်သားများသည် ဆရာတော်ကျောင်းရှိ စစ်ရှောင်များ၏ ပစ္စည်းများအား မွေနှောက်ရှာဖွေကာ လိုချင်သည့် ပစ္စည်းများအား လုယူသွားပြီး ကျောင်းဝေယျာဝစ္စ လုပ်ပေးနေသည့် အမျိုးသားနှစ်ဦးပါ ဆရာတော်နှင့်အတူ ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း ၄င်းထံမှဆက်လက် သိရသည်။

“ ဆရာတော်ကျောင်းက စစ်ရှောင်တွေ ပစ္စည်းရှာလို့ လိုချင်တာတွေယူသွားကြတယ် ၊ ကျောင်းမှာလည်းကျောင်းကိစ္စ လုပ်နေတဲ့ အမျိုးသား ၂ ဦးပါ ဖမ်းသွားကြတယ် ” ဟု ဆိုသည်။

အင်းတိမ်ညောင်အုပ်ဆရာတော်သည် စစ်ကောင်စီအာဏာမသိမ်းခင်ကတည်းက ပရဟိတလုပ်ငန်းများ တစ်စိုက်မတ်မတ်လုပ်ဆောင်ကာ အာဏာသိမ်းပြီးနောက်ပိုင်းတွင် စစ်ဘေးရှောင်များကို ကူညီကယ်ဆယ် နေသောဆရာတော်တစ်ပါးဖြစ်ကြောင်း ဒေသခံများထံမှ သိရှိရပါသည်။

#HsanLoiVoice

https://instagram.com/hsan.loivoice?igshid=YmMyMTA2M2Y=

https://hsanloivoice.org/