သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

အချိန်မရွေးတိုက်ပွဲ ဖြစ်ပွားနိုင်တာကြောင့် လွိုင်ကော်- ဆီဆိုင် လမ်းမကြီးကို ခရီးသွားလာခြင်းမပြုဖို့ KNDF ထုတ်ပြန်

အချိန်မရွေးတိုက်ပွဲ ဖြစ်ပွားနိုင်တာကြောင့် လွိုင်ကော်- ဆီဆိုင် လမ်းမကြီးကို ခရီးသွားလာခြင်းမပြုဖို့ KNDF ထုတ်ပြန်

Hsan Loi Editor
21/03/2025
Share:

 

လွိုင်ကော်-ဆီဆိုင် လမ်းမကြီးတစ်လျောက်မှာ အချိန်မ ရွေးတိုက်ပွဲ ဖြစ်ပွားနိုင်တာကြောင့် လက်ရှိခရီးသွားလာခြင်းမပြု ဖို့ KNDF ဗျူဟာအမှတ် ၂ ကထုတ်ပြန်ထားပါတယ် ။

 

စစ်ကောင်စီ တပ်တွေဟာ နည်းလမ်းပေါင်းစုံနဲ့ စစ်ရေးလှုပ်ရှားမှု ပြု လုပ်နေပြီး အဲဒီလမ်းမကြီးတစ်လျောက်မှာ အချိန်မရွေး ထိတွေ့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်တာကြောင့် လမ်းပိတ်လိုက်ကြောင်းကို KNDF ဗျူဟာအမှတ် ၂ က မတ်လ(၂၀)ရက်မှာ ထုတ်ပြန်ထားတာပါ။

 

လွိုင်ကော်-ဆီဆိုင် လမ်းမကြီးကို မတ်လ ၂၀ ရက်မှစကာ ရက်အကန့်အသတ်မရှိ ယာဉ်ကြီး၊ ယာဉ်ငယ်နဲ့ ခရီးသွားလာတာတွေကို ခေတ္တယာယီ ရပ်ဆိုင်းထားပြီး ပြည်သူ လူထုလုံခြုံရေးအတွက် အထူးသတိပြု လိုက်နာပေးကြဖို့ ဖော်ပြထားပါတယ်။

 

နယ်မြေလုံခြုံရေး နဲ့ စစ်ရေးအခြေအနေအရ ပြည်သူတွေအနေနဲ့ မဖြစ်မနေ လိုက်နာပေးကြဖို့ဖော်ပြထားပြီး ပြန် လည်သွားလာနိုင်မယ့် အချိန်နဲ့ နေ့ရက်ကို ပြန်လည်အသိပေးသွားမှာဖြစ်ကြောင်းနဲ့ ထုတ်ပြန်ချက်အတိုင်း လိုက်နာမှုမရှိပါက ဖြစ်ပေါ်လာမယ့် အကြောင်းအရာများအားလုံးကို မိမိတို့ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ဗျူ ဟာအမှတ်(၂)က တာဝန်ယူပေးမှာ မ ဟုတ်ကြောင်း အသိပေးထားပါတယ်။