သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

အကြောင်းအမျိုးမျိုးဖြင့် ပြည်ပနိုင်ငံများသို့ ထွက်ခွာသူများပြားလာခြင်းကြောင့် ပြည်တွင်း လုပ်သား များ ရှားပါးလာကြောင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဝန်ခံပြောကြား

အကြောင်းအမျိုးမျိုးဖြင့် ပြည်ပနိုင်ငံများသို့ ထွက်ခွာသူများပြားလာခြင်းကြောင့် ပြည်တွင်း လုပ်သား များ ရှားပါးလာကြောင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဝန်ခံပြောကြား

Hsan Loi Editor
18/01/2025
Share:

 

ပြည်ပနိုင်ငံများသို့ ထွက်ခွာသူ များပြားလာခြင်း၊ အကြောင်းအမျိုးမျိုးဖြင့် သေဆုံးမှုများရှိခြင်းတို့ကြောင့် လူဦးရေကျဆင်းပြီး ပြည်တွင်းလုပ်သားများရှားပါးလာကြောင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ဝန်ခံပြောကြားခဲ့ပါတယ်။

 

ယမန်နေ့ ဇန်နဝါရီလ(၁၇)ရက် နံနက်ပိုင်းက နေပြည် တော်မှာ ကျင်းပတဲ့ ပြည်ထောင်စုအစည်းအဝေးမှာ စစ်ခေါင်းဆောင်က ယခုလို ပြောကြားတာပဲဖြစ်ပါတယ်။

 

လွတ်လပ်ပြီး တရားမျှတတဲ့ အထွေထွေရွေးကောက်ပွဲ တစ်ရပ် ကျင်းပနိုင်ရေးအတွက် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းမှ ကောက်ခံရရှိတဲ့ အချက်အလက်များအရ လူဦးရေကျဆင်းပြီး (၅၁)သန်းကျော်ခန့်သာ ရှိတယ်လို့ သူက ပြောပါတယ်။

 

စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကြောင့် ပြည်တွင်းရှိ လူငယ်လူလတ်ပိုင်းအရွယ်များ အများအပြား နည်းမျိုးစုံနဲ့ ပြည်ပနိုင်ငံ သို့ ထွက်ခွာခဲ့ကြတာဖြစ်ပါတယ်။

 

ဒါ့အပြင် စစ်ရေးအရ အရေးနိမ့်လာတဲ့ စစ်ကောင်စီတပ်အနေနဲ့ အင်အားဖြည့်တင်းဖို့ စစ်မှုထမ်း ဆင့်ခေါ်ရာမှာ သွားရောက်ထမ်းဆောင်လိုသူမရှိတာကြောင့် ပေါ်တာဆွဲဖမ်းဆီးမှုများ မြို့နယ်တိုင်းလိုလို လုပ်ဆောင်လာတဲ့အတွက် ပြည်သူများအနေနဲ့ နီးစပ်ရာ ထိုင်းနိုင်ငံသို့ ထွက်ခွာမှု ပိုမိုများပြားလာခြင်း ဖြစ်တယ်လို့ သိရပါတယ်။