ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ | တောင်ကြီး-ဟိုပုံးလမ်းမှာ ရပ်ထားတဲ၁၂ဘီးကားကို ဆီဘောက်ဆာကားက အရှိန်လွန်ပြီး ဝင်တိုက်မိလို့ယာဥ်မောင်းတစ်ဦး ပွဲချင်းပြီး သေဆုံး

အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံတဝန်းလုံး ရွေးကောက်ပွဲအပြည့်အဝ မကျင်းပနိုင်ဘူးလို့ စစ်ခေါင်းဆောင် ဝန်ခံပြောကြား

အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံတဝန်းလုံး ရွေးကောက်ပွဲအပြည့်အဝ မကျင်းပနိုင်ဘူးလို့ စစ်ခေါင်းဆောင် ဝန်ခံပြောကြား

Hsan Loi Editor
16/10/2025
Share:
အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံတဝန်းလုံး ကျင်းပမယ့် ရွေးကောက်ပွဲ ၃ ရပ်လုံး ရာနှုန်းပြည့် ကျင်းပနိုင်မှာမဟုတ်ဘူးလို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဝန်ခံပြောဆိုသွားပါတယ်။May be an image of dais and text
ယမန်နေ့က နေပြည်တော်မှာ ကျင်းပတဲ့ NCA ၁၀ နှစ်ပြည့်အခမ်းအနားမှာ စစ်ခေါင်းဆောင်က ပြောကြားခဲ့တာဖြစ်ပြီး ရွေးကောက်ပွဲ ကျင်းပရန် ကျန်ရှိတဲ့ မြို့နယ်များတွင်လည်း လာမယ့် အစိုးရအနေနဲ့ ကြားဖြတ်ရွေးကောက်ပွဲ ဆက်လက်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
ယခုနှစ် ဒီဇင်ဘာလ ၂၈ ရက်မှာ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် စာရင်းပေးထားတဲ့ နိုင်ငံရေးပါတီ ၅၇ ပါတီရှိပြီး တစ်နိုင်ငံလုံး ဝင်ရောက်ယှဥ်ပြိုင်မယ့် ပါတီ ၆ ပါတီရှိကာ ကိုယ်စားလှယ်လောင်း ၅၀၀၀ ကျော်ရှိတယ်လို့ ဆိုပါတယ်။
ပထမအကြိမ် ရွေးကောက်ပွဲကို မြို့နယ် ၁၀၂ မြို့နယ် ကျင်းပမှာဖြစ်ပြီး ဒုတိယအကြိမ်ကို မြို့နယ် ၁၀၀ မြို့နယ်မှာ ဆောင်ရွက်မှာဖြစ်သလို ကျန်ရှိတဲ့ မြို့နယ်များကို တတိယအကြိမ်အဖြစ် ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။
ဒါ့အပြင် မဲမသမာမှုများ မဆောင်ရွက်နိုင်အောင် မြန်မာအီလက်ထရောနစ်မဲပေးစက် MEVM နဲ့ စီစဥ် ဆောင်ရွက်ထားတဲ့အတွက် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်မယ်လို့ ယုံကြည်ကြောင်း မင်းအောင်လှိုင်က ပြောသွားပါတယ်။
စစ်အုပ်စုက ကျင်းပမယ့် ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးခွင့် ကာလကို အောက်တိုဘာ ၂၈ ရက် နံနက် ၆ နာရီမှစပြီး ဒီဇင်ဘာ ၂၆ ရက် ည ၁၂ နာရီအထိ ရက်ပေါင်း ၆၀ ခွင့်ပြုထားတယ်လို့ ရွေးကောက်ပွဲ ကော်မရှင်က ယမန်နေ့ညမှာ ထုတ်ပြန်ကြေညာထားပါတယ်။