ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ | တောင်ကြီး-ဟိုပုံးလမ်းမှာ ရပ်ထားတဲ၁၂ဘီးကားကို ဆီဘောက်ဆာကားက အရှိန်လွန်ပြီး ဝင်တိုက်မိလို့ယာဥ်မောင်းတစ်ဦး ပွဲချင်းပြီး သေဆုံး

အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့ စစ်တပ် အား အမေရိကန်နိုင်ငံခြားရေးဝန်ကြီး တိုက်တွန်း

အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့ စစ်တပ် အား အမေရိကန်နိုင်ငံခြားရေးဝန်ကြီး တိုက်တွန်း

Hsan Loi Editor
05/01/2026
Share:
မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခအပေါ် အမေရိကန်က နက်ရှိုင်းစွာ စိုးရိမ်ပူပန်လျက်ရှိပြီး အကြမ်းဖက်မှုများ ရပ်တန့်ဖို့ စစ်ကော်မရှင်တပ် အား အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို က တိုက်တွန်းထားပါတယ်။
ဒီကနေ့ ဇန်နဝါရီလ ၄ ရက်နေ့မှာ ကျရောက်တဲ့ မြန်မာနိုင်ငံရဲ့ ၇၈ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး က ပြောဆိုလိုက်တာပါ။
ဒါ့အပြင် လူသားချင်းစာနာထောက်ထားမှု အကူအညီများ အတားအဆီးမရှိ ရရှိရေးကို အာမခံရန်၊ မတရား ဖမ်းဆီးထားသူတွေကို လွှတ်ပေးရန်နဲ့ ပဋိပက္ခကို ငြိမ်းချမ်းစွာနှင့် ရေရှည်အဆုံးသတ်ဖို့ တွေ့ဆုံဆွေးနွေးကြရန်လည်း တိုက်တွန်းထားပါတယ်။
အမေရိကန်သည် မြန်မာပြည်သူများရဲ့ ငြိမ်းချမ်း တရားမျှတပြီး သာယာဝပြောရေးရှိတဲ့ အနာဂတ် တည်ဆောက်ရေးအတွက် သန္နိဋ္ဌာန် ချထားပြီး ဆက်လက်ကတိပြုထားတယ်လို့ ဆိုထားပြီး အင်ဒို− ပစိဖိတ်ဒေသအတွက် လုံခြုံပြီး ကြွယ်ဝချမ်းသာရေးအတွက် မရှိမဖြစ် လိုအပ်တယ်လို့ ထုတ်ပြန်ချက် မှာ ဖော်ပြထားပါတယ်။