အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ | တောင်ကြီး-ဟိုပုံးလမ်းမှာ ရပ်ထားတဲ၁၂ဘီးကားကို ဆီဘောက်ဆာကားက အရှိန်လွန်ပြီး ဝင်တိုက်မိလို့ယာဥ်မောင်းတစ်ဦး ပွဲချင်းပြီး သေဆုံး | နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကို (၁၀) ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ထုတ်ပြန်

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ တရားစွဲဆိုခံရသူ ၁၂၄၈၇ ဦး အမှုပိတ်သိမ်း

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ တရားစွဲဆိုခံရသူ ၁၂၄၈၇ ဦး အမှုပိတ်သိမ်း

Hsan Loi Editor
02/03/2026
Share:
အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)၊ ပုဒ်မ ၅၂(က)ဖြင့် တရားစွဲဆိုခံရသူနဲ့ ယင်းပြစ်မှုဖြင့် ထွက်ပြေးတိမ်းရှောင်နေသူ အပါအဝင် တရားစွဲဆိုခံထားရသူ ၁၂၄၈၇ ဦး ရဲ့ တရားရုံးကြားနာ စစ်ဆေးဆဲ အမှုပေါင်း ၉၅၃၂ မှုကို ပိတ်သိမ်းလိုက်တယ်လို့ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ က ဒီကနေ့မှာ အမိန့်ထုတ်ပြန်လိုက်ပါတယ်။
May be an image of one or more people
ဒီကနေ့ မတ်လ ၂ ရက်မှာ ကျရောက်တဲ့ တောင်သူလယ်သမားနေ့ အထိမ်းအမှတ်အဖြစ် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနဲ့ တရားစွဲဆိုခံရသူကို အမှုပိတ်သိမ်းတာလို့ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် အကြမ်းဖက်ဥပဒေနဲ့ ပြစ်မှုကျူးလွန်ပြီး အကျဥ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးမှာ ချုပ်နှောင်ခံထားရတဲ့ အကျဥ်းသား/သူ ၇၃၃၇ ဦး တို့ကိုလည်း ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်ပြီး နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျုးလွန်ရင် အဲ့ဒီပြစ်ဒဏ်အပြင် အခုကျခံဖို့ ကျန်ရှိတဲ့ ပြစ်ဒဏ်တွေကိုပါ ဆက်လက်ကျခံပါမယ် ဆိုတဲ့ သတ်မှတ်ချက်နဲ့ ပြန်လွတ်ပေးတာဖြစ်ပါတယ်။
အဲ့ဒီအပြင် နောက်ထပ် အကျဥ်းသား/သူ ၂၈၂၅ ဦး နဲ့ နိုင်ငံခြားသား အကျဥ်းသား/သူ ၁၀ ဦးကိုလည်း ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်ပြီး ပြည်နှင်ဒဏ်ပေးလိုက်တယ်လို့ ကာ/လုံ က အမိန့်ထုတ်ပြန် ထားပါတယ်။
ဆက်လက်ပြီး ၂၀၂၆ ခုနှစ် မတ်လ ၂ ရက်နေ့ မတိုင်မီ လူသတ်မှု၊ မုဒိမ်းမှု၊ ပေါက်ကွဲစေတတ်တဲ့ ဝတ္ထုပစ္စည်းများ အက်ဥပဒေ၊ မတရားအသင်းများ အက်ဥပဒေ၊ လက်နက်ဥပဒေ၊ ရှမ်းပြည်နယ် လက်နက်အမိန့်အရ ပြစ်မှုများ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေနဲ့ ပြစ်ဒဏ်ကျခံနေသူမှ အပ တည်ဆဲ ဥပဒေအရ ပြစ်ဒဏ်ကျခံနေသူတွေရဲ့ ကျန်ရှိတဲ့ ပြစ်ဒဏ် ခြောက်ပုံတစ်ပုံကို လွတ်ငြိမ်းသက်သာခွင့် ပြုလိုက်တယ်လို့ အမိန့်ထုတ်ပြန်ခဲ့ပါတယ်။