သျှမ်းပြည်တောင်ပိုင်း ကလောမြို့နယ် ဟဲဟိုးမြို့ တီခေါင်တောင်အကွေ့တွင် ဆီဘောက်ဆာယာဥ်တစ်စီး တိမ်းမှောက်ခဲ့ပြီး ယာဥ်မောင်းအပါအဝင် အမျိုးသား နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
နိုဝင်ဘာ ၂၉ ရက် နေ့ ဟဲဟိုးမြို့ သီခေါင်တောင်အကွေ့တွင် ရန်ကုန် သီလဝါဆိပ်ကမ်းမှ တောင်ကြီးဖက်သို့ဒီ ဇယ်နှင့် အောက်တိန်းဆီသယ်ဆောင်လာသည့်ဆီဘောက်ဆာယာဥ် တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ ကားကအရှိန်မထိန်းနိုင်ဘဲ လမ်းညာဖက်ကိုတိမ်းမှောက် သွားတာ ၊ ဒီဇယ် ၆၀၀ ဂါလံနဲ့ အောက်တိန်း ၉၂ ၁၅၀၀ ဂါလံကို သယ်လာတဲ့ယာဥ်ပါ” ဟု ၄င်းနေရာသို့ ကူညီကယ်ဆယ်ရန်ရောက်လာသည့် မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
ယင်းဖြစ်စဥ်တွင် ဆီဘောက်ဆာယာဥ်မောင်းအပါအဝင် ယာဥ်ပေါ်ပါအမျိုးသား ၂ ဦးအား သက်ဆိုင်ရာမှ စစ်ဆေးနေကြောင်း သိရသည်။

#HsanLoiVoice
https://instagram.com/hsan.loivoice?igshid=YmMyMTA2M2Y=
https://hsanloivoice.org/