သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

ဟိုပုံးမြို့နယ်မှာ Light Truck ကားတစ်စီးချောက်ထဲကျ လူ ၄ ဦးထက်မနည်းသေဆုံးပြီးဒဏ်ရာရသူများပြား

ဟိုပုံးမြို့နယ်မှာ Light Truck ကားတစ်စီးချောက်ထဲကျ လူ ၄ ဦးထက်မနည်းသေဆုံးပြီးဒဏ်ရာရသူများပြား

Hsan Loi Editor
23/05/2024
Share:

 

သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် ၊ကျောက်တန်း မဲနယ်တောင် ရွာသစ်လမ်းခွဲတွင် မေလ ၂၁ ရက်နေ့က လူ ၂၁ ဦးလိုက်ပါလာသည့် Light Truck ကားတစ်စီး မိုးရွာသွန်းမှုကြောင့် လမ်းချော်ပြီး ချောက်ထဲပြုတ်ကျခဲ့ကြောင်း ကူညီကယ်ဆယ်ရေး အသင်း အဖွဲ့ များထံမှ သိရသည် ။

 

” ကားကပင်လောင်းကလာတဲ့ကား လို့သိရတယ် ၊

နေရာတင် ပွဲချင်းပြီး သေ တာ ၁ ဦး ၊ဆေးရုံးနဲ့ လမ်း မှာဆုံးတာ ၃ ဦး ခုထိ အခြေ အနေ စိုးရိမ်ရတဲ့လူတွေ ရှိသေးတယ် “ ဟု ကူညီ ကယ်ဆယ်ခဲ့သည့် ပရဟိတ အဖွဲ့ဝင်တစ်ဦးကပြောသည် ။

 

သျှမ်းပြည်တောင်ပိုင်းတွင် ယခုက်ပိုင်းအတွင်း မိုးသည်း ထန်စွာရွာသွန်မှုကြောင့် တောင်တက်တောင်ဆင်းလမ်းများတွင် လမ်းချော်မှုများ ဖြစ်ပွားတတ် ပြီးယာဥ်မတော်တဆမှုဖြစ်ပွားနိုင်သောကြောင့် သတိထားမောင်းနှင်ကြရန် ဒေသခံများက သတိ ပေးထားသည် ။