သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

ဟင်ဂျာလူမျိုးသုံးသတ်ဖြတ်မှု ကျုးလွန်တဲ့ စစ်ခေါင်း ဆောင် မင်းအောင်လှိုင် ကို ICC တရားရုံးတော်သို့ ICC တရားစွဲရှေ့နေမှ ဖမ်းဝရမ်းထုတ်ဖို့ လျှောက်လွှာတင်သွင်း

ဟင်ဂျာလူမျိုးသုံးသတ်ဖြတ်မှု ကျုးလွန်တဲ့ စစ်ခေါင်း ဆောင် မင်းအောင်လှိုင် ကို ICC တရားရုံးတော်သို့ ICC တရားစွဲရှေ့နေမှ ဖမ်းဝရမ်းထုတ်ဖို့ လျှောက်လွှာတင်သွင်း

Hsan Loi Editor
27/11/2024
Share:

 

ရိုဟင်ဂျာလူမျိုးများအပေါ် လူမျိုးသုံးသတ်ဖြတ်မှု ကျုးလွန်တဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကို ဖမ်းဝရမ်းထုတ်ဖို့ အပြည်ပြည်ဆိုင် ရာ ရာဇဝတ်တရားရုံးတော်သို့ တရားစွဲရှေ့နေက ယနေ့မှာ လျှောက်လွှာတင်သွင်းကြောင်း သိရသည်။

 

၂၀၁၆−၁၇ ခုနှစ်များအတွင်း မြန်မာနိုင်ငံရှိ ရခိုင်ပြည်နယ်မှာ ပေါ်ပေါက်ခဲ့သော အကြမ်းဖက်မှုများတွင် ကျူးလွန်ခဲ့သည်ဟု စွပ်စွဲခြင်းခံရသည့် ရာဇဝတ်မှုများနှင့် မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရိုဟင်ဂျာများ အစုလိုက်အပြုံလိုက် နောက်ဆက်တွဲ စွန့်ခွာပြေးမှုများအတွက် နိုဝင်ဘာလ(၁၄)ရက် ၂၀၁၉ခုနှစ်မှ စတင်ပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ICC တရားစွဲရှေ့နေ အနေဖြင့် ယခုလျှောက်ထားခြင်းသည် မြန်မာအစိုးရ ထိပ်တန်းအရာရှိ တစ်ဦးအတွက် ဖမ်းဝရမ်းကို ရုံးတော်မှ ပထမဆုံးအကြိမ် လျှောက်ထားခြင်းဖြစ်ကြောင်းသိရသည်။