မတ်လ ၂၄ ရက်နေ့ ည ၁၁ နာရီဝန်းကျင်ခန့်က ချိန်းရိုင်းဘက်သို့ ဦးတည်မောင်းနှင်သွားသော ဘန်ကောက် အိမ်စီးကားတစီးကို နန်းလဲနယ်မြေ ချိန်းရိုင်းမြို့နယ်၊ ချင်းရိုင်းခရိုင် ချိန်းဆန်-ချိန်းရိုင်း အဝေးပြေးလမ်းမပေါ်ရှိ၊ မယ့်ခေါက်တုမ့်လမ်းဆုံအနီး ဝိန်းဗူးရဖားလမ်းပေါ်၌ ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။
ဖမ်းဆီးခံရသူသည် အသက် ၆၁ နှစ်ဝန်းကျင် ချိန်းဆန်မြို့နယ် ထိုင်းနိုင်ငံသားတဦးဖြစ်ပြီး ထိုင်းနိုင်ငံအတွင်းပိုင်းသို့ သယ်ဆောင်သွားရန် ဖြစ်သည်ဟု ရေးသားဖော်ပြထားပါသည်။ ၎င်းအိမ်စီးကားမော်တော်ယာဉ်ထဲမှ အထက်ပါ 999 နှင့် Y1 တံဆိပ် စိတ်ကြွဆေးပြား (2,672,000) ၂ သန်းကျော် ဖမ်းဆီးရမိခဲ့သည်ဟုဆိုပါသည်။

Ref: Maesaipress