သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

သျှမ်းမြောက် မန်တုံမြို့နဲ့ မိုင်းငေါ့မြို့မှာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ပြည်သူ ၁ ဦး သေဆုံးပြီး ၆ ဦး ထိခိုက်ဒဏ်ရာရကာ နေအိမ် ၁၀ လုံးကျော် ထိခိုက်ပျက်စီး

သျှမ်းမြောက် မန်တုံမြို့နဲ့ မိုင်းငေါ့မြို့မှာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ပြည်သူ ၁ ဦး သေဆုံးပြီး ၆ ဦး ထိခိုက်ဒဏ်ရာရကာ နေအိမ် ၁၀ လုံးကျော် ထိခိုက်ပျက်စီး

Hsan Loi Editor
13/05/2025
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်း TNLA ထိန်းချုပ်နယ်မြေဖြစ်တဲ့ မန်တုံမြို့နဲ့ မိုင်းငေါ့မြို့မှာ လေကြောင်း တိုက်ခိုက်ခံရတာကြောင့် အရပ်သားပြည်သူ ၁ ဦးသေဆုံးပြီး ၆ ဦးထိခိုက်ဒဏ်ရာရကာ နေအိမ် ၁၀ လုံးကျော် ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

 

ယမန်နေ့ မေလ ၁၂ ရက် ည ၁၀ နာရီခွဲခန့်အချိန်တွင် သျှမ်းမြောက် မန်တုံမြို့ အောင်ချမ်းသာရပ်ကွက်မှာ စစ်ကောင်စီက လေကြောင်းကနေ ၂ ကြိမ် ဗုံးလာရောက်ကြဲချတိုက်ခိုက်တာကြောင့် အမျိုးသား တစ်ဦး သေဆုံးပြီး ၆ ဦးထိခိုက်ဒဏ်ရရှိကာ နေအိမ် ၁၀ လုံးကျော်ထိခိုက်ပျက်စီးသွားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်က သိရပါတယ်။

 

ဒါ့အပြင် ယမန်နေ့ ည ၇း၄၀ မိနစ်အချိန်တွင်လည်း မိုင်းငေါ့မြို့၊ တာလုံရပ်ကွက်အတွင်းရှိ စာသင် ကျောင်းအနီးမှာ စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံး(၄)လုံး လာရောက်ကြဲချ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

 

ယမန်နေ့ မေလ ၁၂ ရက် တစ်ရက်ထဲမှာဘဲ စစ်ကောင်စီက တော်လှန်ရေးအဖွဲ့ အုပ်ချုပ်တဲ့ နယ်မြေဖြစ်တဲ့ စစ်ကိုင်းတိုင်းအတွင်းရှိ ဒီပဲယင်း၊ မော်လူး၊ ချောင်းဦးနဲ့ သျှမ်းပြည်နယ်မြောက်ပိုင်း မန်တုံ၊ မိုင်းငေါ့ တို့ကို လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်အပါအဝင် အရပ်သားပြည်သူ စုစုပေါင်း ၂၀ ကျော် သေဆုံးခဲ့တယ်လို့ သိရပါတယ်။