နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကို (၁၀) ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ထုတ်ပြန် | ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

သျှမ်းမြောက် ကနေ သျှမ်းတောင်ဘက်ခြေဆန့်လာမယ့် ကျားဖြန့် အင်အား ၅၀၀ ကျော်ကို ဝ တပ် UWSA နဲ့ သျှမ်းတပ် SSPP တို့က လုံခြုံရေးယူပြီး လိုက်လံပို့ဆောင်ပေးနေ

သျှမ်းမြောက် ကနေ သျှမ်းတောင်ဘက်ခြေဆန့်လာမယ့် ကျားဖြန့် အင်အား ၅၀၀ ကျော်ကို ဝ တပ် UWSA နဲ့ သျှမ်းတပ် SSPP တို့က လုံခြုံရေးယူပြီး လိုက်လံပို့ဆောင်ပေးနေ

Hsan Loi Editor
11/05/2025
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်းကနေ သျှမ်းပြည်နယ်တောင်ပိုင်းအတွင်းသို့ ခြေဆန့်လာမယ့် တရုတ် အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) လုပ်ကိုင်သူ အင်အား ၅၀၀ ကျော်ကို ဝ တပ် UWSA နဲ့ သျှမ်းတပ် SSPP တို့က လုံခြုံရေးရယူပြီး လိုက်လံပို့ဆောင်ပေးနေတယ်လို့ စုံစမ်းသိရပါတယ်။

 

ကျောက်မဲမြို့နယ် ပန်ဟိုင်း ကနေ ရပ်စောက်မြို့နယ် နောင်ဝိုးအုပ်စု ဘက်သို့ ခြေဆန့်မယ့် ဝ တပ်က လုံခြုံရေးယူ ပို့ဆောင်ပေးနေတဲ့ ကျားဖြန့်အဖွဲ့သည် ယခုလက်ရှိ အထက်ရဲရွာ(တောင်ခြေရွာ)နဲ့ ရပ်စောက်မြို့နယ် နောင်လုံအုပ်စု ကောင်းခမ်ရွာကြား မှာ ရှိနေတယ်လို့ သိရပါတယ်။

 

“ကျားဖြန့်အဖွဲ့တွေ အင်အား ၅၀၀ ကျော်လောက်က အခု အထက်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်းရွာနဲ့ ကောင်းခမ်ရွာကြားမှာ ရောက်နေတယ်၊ သူတို့အဖွဲ့ကိုတော့ SSPP နဲ့ ဝ တပ်တွေက လုံခြုံရေးယူပေး နေတယ်၊ ပန်ဟိုင်းဘက်က ဝင်လာတာဆိုတော့ သျှမ်းမြောက် တန့်ယန်းမြို့နယ်ထဲကနေ နမ့်လန် အဲ့ကနေ ရပ်စောက်ထဲက နောင်ဝိုးကို ဝင်တာဖြစ်မယ်” လို့ စစ်ရေးသတင်းရင်းမြစ်ထံမှ သိရပါတယ်။

 

ဒါ့အပြင် ၎င်းကျေးရွာအတွက် စားနပ်ရိက္ခာထောက် ပံ့ပေးမှာဖြစ်လို့ ကျေးရွာအတွင်း ကျားဖြန့်အဖွဲ့ ရောက်ရှိနေကြောင်းကို လျှို့ဝှက်ပေးထားရမယ်လို့ ဝ တပ် UWSA နဲ သျှမ်းတပ် SSPP တို့က ဒေသခံတွေထံ ပြောဆိုထားတယ်လို့ သိရပါတယ်။