သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

သျှမ်းမြောက်ရှိ မိုင်းငေါ့မြိုကို စစ်တပ်ဗုံးကြဲ လူထိခိုက်သေဆုံးမှုရှိ

သျှမ်းမြောက်ရှိ မိုင်းငေါ့မြိုကို စစ်တပ်ဗုံးကြဲ လူထိခိုက်သေဆုံးမှုရှိ

Hsan Loi Editor
09/10/2025
Share:
သျှမ်းပြည်မြောက်ပိုင်း၊ TNLA ထိန်းချုပ်နယ်မြေရှိ မိုင်းငေါ့မြို့မှာ ယနေ့အောက်တိုဘာလ ၈ ရက် နံနက် ၁၁ နာရီ ဝန်းကျင်အချိန်တွင် စစ်တပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
No photo description available.
စစ်ကောင်စီရဲ့ ဗုံးကြဲမှုကြောင့် မိုင်းငေါ့မြို့ရှိ တာလုံရပ်ကွက်အတွင်းသို့ ကျရောက်ပေါက်ကွဲပြီး လူထိခိုက်သေဆုံးမှုရှိပြီး နေအိမ်များလည်း ထိခိုက်ပျက်စီးတယ်လို့ စုံစမ်းသိရပါတယ်။
“ဒီနေ့ ၁၁ နာရီ ၅ မိနစ်မှာ ဂျက်ဖိုက်တာနဲ့ လာကြဲသွားတာ၊ မန်လုံဘက်က လင်မယား ၂ ယောက် သေတယ်၊ တာလုံရပ်ကွက်ထဲက တစ်ယောက်ထိထားတယ်” လို့ ဒေသခံသတင်းရင်းမြစ်ထံမှ သိရပါတယ်။
No photo description available.
ယမန်နေ့ နေ့လည်ကလည်း TNLA ထိန်းချုပ်နယ်မြေ မိုင်းလုံမြို့ မန်ဟုန်းကျေးရွာကို စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်တာကြောင့် ကလေး ၁ ဦး အပါအ၀င် ပြည်သူ ၁၀ ဦး သေဆုံးခဲ့ပြီး ၃ ဦး ထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။
စစ်တပ်က ကျောက်မဲမြို့ကို အလုံးစုံ ပြန်လည်ထိန်းချုပ်နိုင်ပြီးတဲ့နောက် TNLA ထိန်းချုပ်တဲ့ နယ်မြေတွေဖြစ်တဲ့ မန်တုံ၊ နမ္မတူ၊ သီပေါ၊ မိုင်းငေါ့၊ နမ့်ဆန် စတဲ့မြို့တွေကို လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်လုပ်ဆောင်လာတာဖြစ်ပြီး ဗုံးကြဲမှုကြောင့် ယခု အောက်တိုဘာအတွင်း သေဆုံးသူ ၂၀ ထက်မနည်းရှိတယ်လို့ TNLA ရဲ့ အချက်အလက်အရ သိရပါတယ်။