တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ | တောင်ကြီး-ဟိုပုံးလမ်းမှာ ရပ်ထားတဲ၁၂ဘီးကားကို ဆီဘောက်ဆာကားက အရှိန်လွန်ပြီး ဝင်တိုက်မိလို့ယာဥ်မောင်းတစ်ဦး ပွဲချင်းပြီး သေဆုံး | နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကို (၁၀) ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ထုတ်ပြန် | ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

သျှမ်းပြည်အမျိုးသားညီလာခံမှာ သျှမ်းပြည်နယ် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးအတွက် အခြေခံမူ ၃၃ ချက်နဲ့ အခြေခံအခွင့်အရေးများ ၃၈ ချက် ဆွေးနွေးအတည်ပြုနိုင်ကြောင်းထုတ်ပြန်

သျှမ်းပြည်အမျိုးသားညီလာခံမှာ သျှမ်းပြည်နယ် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးအတွက် အခြေခံမူ ၃၃ ချက်နဲ့ အခြေခံအခွင့်အရေးများ ၃၈ ချက် ဆွေးနွေးအတည်ပြုနိုင်ကြောင်းထုတ်ပြန်

Hsan Loi Editor
06/02/2026
Share:
သျှမ်းပြည်နယ် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးအတွက် အခြေခံမူ ၃၃ ချက်နဲ့ အခြေခံအခွင့်အရေး များ ၃၈ ချက် ကို သျှမ်းပြည်အမျိုးသားညီလာခံ (ပထမအကြိမ်)မှာ ဆွေးနွေးအတည်ပြုနိုင်ခဲ့တယ်လို့ ဒီကနေ့ ဖေဖော်ဝါရီလ ၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။
May be an illustration of map and text
သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) က ကမကထပြုပြီး သျှမ်းပြည်အမျိုးသားညီလာခံ (ပထမအကြိမ်)ကို ဖေဖော်ဝါရီလ ၂ ရက်နေ့မှ ၄ ရက်နေ့အထိ RCSS ဗဟိုဌာနချုပ်မှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။
အတည်ပြုနိုင်ခဲ့တဲ့ အခြေခံမူ ၃၃ ချက်နဲ့ အခြေခံအခွင့်အရေးများ ၃၈ ချက်ကို အကောင်အထည်ဖော်ရန် နဲ့ ရှေ့လုပ်ငန်းစဥ်များ ဆောင်ရွက်ရန် သျှမ်းပြည်နယ်ဖက်ဒရယ်ရေးရာ ဦးဆောင်အဖွဲ့ကို ကနဦးဖွဲ့စည်း နိုင်ခဲ့တယ်လို့ဖော်ပြထားပါတယ်။
သျှမ်းပြည်နယ်အတွင်းရှိ လူမျိုးစုများ ငြိမ်းချမ်းစွာ အတူယှဥ်တွဲနေထိုင်ရေး၊ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးတည်ဆောက်ရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် တန်းတူအခွင့်အရေးတို့ကို ဖော်ဆောင်နိုင်ရေး၊ သျှမ်းပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ထွန်းရေး၊ သျှမ်းပြည်နယ်ကို ကိုယ်စားပြုသော နိုင်ငံရေးစုဖွဲ့မှု တစ်ရပ် ပေါ်ထွန်းလာရေးတို့အတွက် သျှမ်းပြည်အမျိုးသားညီလာခံမှာ ပူးပေါင်းပါဝင်ကြပါရန် သျှမ်းပြည်အတွင်းရှိ အဖွဲ့အစည်းများ၊ လူမျိုးစုများအားလုံးကိုလည်း ကမ်းလှမ်းဖိတ်ခေါ်ထားကြောင်း ထုတ်ပြန်ကြေညာထားပါတယ်။
သျှမ်းပြည်အမျိုးသားညီလာခံမှာ သံဃာတော်များ၊ သျှမ်းပြည်အတွင်းရှိ လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ နိုင်ငံရေးအစုအဖွဲ့များ၊ အရပ်ဖက်အဖွဲ့များ၊ လူငယ်အဖွဲ့များ၊ မြို့နယ် အသီးသီးမှ ကိုယ်စားလှယ်များ စုစုပေါင်း ၁၀၅ ဦး တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။