သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

သျှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းယောင်းမြို့အား NDAA မိုင်းလားအဖွဲ့ ရာနှင့်ချီ ဝင်ရောက်နေရာယူ

သျှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းယောင်းမြို့အား NDAA မိုင်းလားအဖွဲ့ ရာနှင့်ချီ ဝင်ရောက်နေရာယူ

Hsan Loi Editor
24/07/2024
Share:

 

သျှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဖြတ်ခရိုင် မိုင်းယောင်းမြို့တွင်းကို NDAA မိုင်းလားတပ်ဖွဲ့က တပ်သားအင်အားရာနှင့်ချီ၍ ဝင်ရောက်နေရာယူခဲ့ပြီဖြစ်ကြောင်းသိရသည်။

 

၂၀၂၄ ခုနှစ် ဇူလိုင်လ (၁၆) ရက်နေ့က နေပြည်တော်မှ စစ်ကောင်စီတပ်၏ စစ်ဘက်အရာရှိတစ်ဦး ဝ နယ် ပန်ဆန်းသို့ ကျိုင်းတုံမှတဆင့် မော်တော်ယာဉ်ဖြင့် သွားရောက်ခဲ့သည်ဟုဆိုသည်။ ၎င်းခရီးစဉ်တွင် စစ်ကောင်စီအရာရှိသည် UWSA ခေါင်းဆောင်များနှင့်တွေ့ဆုံ၍ UWSA ၊ SSPP နှင့် NDAA အဖွဲ့များ စုစည်းပြီး သျှမ်းပြည်ကြီး ပြိုကွဲမှုမရှိစေရန် MNDAA ၊ TNLA နှင့် ၎င်းတို့၏ မဟာမိတ်များ ရှေ့ဆက်တိုးမည့်ခြေလှမ်းများဟန့်တားပေးရန်နှင့် လားရှိုးမြို့မကျရေး တားဆီးပေးရန် တောင်းဆိုခဲ့ကြောင်း ဧရာဝတီသတင်းဌာနက ဖော်ပြထားသည်။

 

အဆိုပါသတင်းထွက်လာပြီးနောက် NDAA မိုင်းလားအဖွဲ့က မိုင်းယောင်းဝင်ရောက်နေရာယူခြင်းသည် ဆက်စပ်မှုရှိမရှိ ဆက်လက်စုံစမ်းလျက်ရှိသည်။