သျှမ်းပြည်နယ်အစိုးရအဖွဲ့သစ် ဖွဲ့စည်းရာတွင် သျှမ်းနှင့်တိုင်းရင်း သားများ ဒီမိုကရက်တစ်ပါတီ (SNDP -ကျားဖြူပါတီ ) မှလူမှုရေးရာဝန်ကြီးအဖြစ်နန်းခမ်းလူရရှိ ကြောင်းသိရသည်။
ဧပြီလ ၇ ရက်နေ့တွင် ကျင်းပသော သျှမ်းပြည်နယ်လွှတ် တော် ပဉ္စမနေ့အစည်းအဝေး၌ ပြည်နယ်အစိုး ရအဖွဲ့ကို ဝန်ကြီးဌာန (၇) ခု၊ဝန်ကြီး (၇) ဦးဖြင့် ဖွဲ့စည်းရန် အတည်ပြုခဲ့သည်။
မူလတွင် ဝန်ကြီးဌာန (၁၀) ခုအထိ တိုးမြှင့်ဖွဲ့စည်းရန် အကြံပြုချက်များ ရှိခဲ့သော်လည်း နောက်ဆုံးတွင် ဝန်ကြီးဌာန (၇) ခုဖြင့်သာ အတည်ပြုခဲ့ပြီး USDPပါတီအများစုနှင့် ပအိုဝ်းပါတီ (PNO) နှင့် ကျားဖြူပါတီတို့ကဝန်ကြီးဌာန တစ်နေရာစီ ရရှိခဲ့
ခြင်းဖြစ် သည်။
သျှမ်းပြည်နယ်အစိုးရအဖွဲ့သစ်ဖွဲ့စည်းရာတွင် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)မှ ဝန်ကြီးချုပ်နေရာနှင့်အခြားအရေးပါသည့် ဝန်ကြီးနေရာ အများစုကိုရယူထားပြီး ပအိုဝ်းနှင့်သျှမ်းကိုယ်စားပြုမှုအနေဖြင့် (PNO)ပါတီမှ ဦးခွန်သန်းထူးကို လျှပ်စစ်၊ စွမ်းအင်၊စက်မှုနှင့်လမ်းပန်းဆက်သွယ် ရေး ဝန်ကြီးနှင့် ကျားဖြူပါတီမှ နန်းခမ်းလူကို လူမှု ရေးရာဝန်ကြီးအဖြစ်ခန့်အပ်ခဲ့ကြောင်းတွေ့ရသည်။
ကျားဖြူပါတီ ဥက္ကဌ ဦးစိုင်းအိုက်ပေါင်းသည် ၂၀၂၅-၂၀၂၆ ခုနှစ်ရွေးကောက်ပွဲအလွန် ပေါ်ပေါက်လာမည့်အစိုးရအသစ်တွင် ၄င်းတို့ပါတီအနေဖြင့် ဒုတိယသမ္မတနေရာရရှိရန်လျာထားခြင်း သို့မဟုတ် စစ်ကောင်စီ၏ ကမ်းလှမ်းမှုများအပေါ်အလားအ လာရှိ ကြောင်းပြောကြားမှုများရှိခဲ့သော်လည်း ယခုအခါ သျှမ်းပြည်နယ်အစိုးရအဖွဲ့သစ်တွင် လုပ်ပိုင်ခွင့် အနှိမ့်ဆုံးအဆင့် ရှိသည့်လူမှုရေး ဝန်ကြီးနေရာသာရရှိခဲ့သည်။
သျှမ်းပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးဌာနများတွင် (၁) လုံခြုံ ရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန၏ ဝန်ကြီး အဖြစ် ဗိုလ်မှူးကြီး စိန်ဝင်း ၊ (၂) စီမံကိန်း စီးပွားရေး နှင့် ဘဏ္ဍာ ရေး ဝန်ကြီးကို ဒေါက်တာလဆိုင်း ၊ (၃) လူမှုရေးရာ ဝန်ကြီးအဖြစ် ဒေါ်နန်းခမ်းလူ ၊ (၄) လျှပ် စစ်၊ စွမ်းအင် ၊ စက်မှုနှင့်လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီးအဖြစ် ဦးခွန်သန်းထူး (၅) စိုက်ပျိုးရေး ၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးကို ဦးလင်းအောင်ဆွေ ၊ (၆) သယံဇာတနှင့် သဘာ၀ပတ်ဝန်း ကျင် ထိန်းသိမ်းရေး ဝန်ကြီးအဖြစ် ဦးစိုင်းဝမ်းလှိင်းတစ်ပ် ၊ (၇) စည်ပင်သာယာရေး ဝန်ကြီးအဖြစ် ဦးခွန်ထွန်းဖြူ တိုကို ခန့်အပ်ခဲ့ကြောင်း သိရသည်။