သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

သျှမ်းပြည်နယ်ဝန်ကြီးချုပ်အဖြစ် စိုင်းထိန်စိုး အား ပြည်နယ်လွှတ်တော်က အတည်ပြုခန့်အပ်ခံရ

သျှမ်းပြည်နယ်ဝန်ကြီးချုပ်အဖြစ် စိုင်းထိန်စိုး အား ပြည်နယ်လွှတ်တော်က အတည်ပြုခန့်အပ်ခံရ

Hsan Loi Editor
07/04/2026
Share:
သျှမ်းပြည်နယ်ဝန်ကြီးချုပ်အဖြစ် စိုင်းထိန်စိုး အား အတည်ပြုခန့်အပ်လိုက်တယ်လို့ ဒီကနေ့မှာ ကျင်းပတဲ့ တတိယအကြိမ် သျှမ်းပြည်နယ်လွှတ်တော် ပထမ ပုံမှန်အစည်းအဝေး စတုတ္ထနေ့မှာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်က ကြေညာခဲ့ပါတယ်။
ဝန်ကြီးချုပ်အဖြစ် စိုင်းထိန်စိုး အား သမ္မတအဖြစ်ရွေးကောက်ခံရသူ စစ်ခေါင်းဆောင် မင်းအောင်လှိုင် က အဆိုပြုခဲ့တာဖြစ်ပြီး ကန့်ကွက်သူ မရှိတာကြောင့် လွှတ်တော်က အတည်ပြုခဲ့တာဖြစ်ပါတယ်။
စိုင်းထိန်စိုး ဟာ ရပ်စောက်မြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် ၁ မှ အချိုးကျကိုယ်စားပြုစနစ်ဖြင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ပြည်ခိုင်ဖြိုးပါတီမှ ဝင်ရောက်ယှဥ်ပြိုင် အနိုင်ရရှိထားသူဖြစ်ပါတယ်။