သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

သျှမ်းပြည်နယ်ဝန်ကြီးချုပ်အဖြစ် အဆိုပြုထားသူကို သျှမ်းလွှတ်တော်မှာ ဒီကနေ့ အဆုံးအဖြတ်ရယူမည်

သျှမ်းပြည်နယ်ဝန်ကြီးချုပ်အဖြစ် အဆိုပြုထားသူကို သျှမ်းလွှတ်တော်မှာ ဒီကနေ့ အဆုံးအဖြတ်ရယူမည်

Hsan Loi Editor
06/04/2026
Share:
ဒီကနေ့ ဧပြီလ ၆ ရက် နံနက်ပိုင်းမှာ ကျင်းပသွားမယ့် တတိယအကြိမ် သျှမ်းပြည်နယ်လွှတ်တော် ပထမ ပုံမှန်အစည်းအဝေး စတုတ္ထနေ့မှာ သျှမ်းပြည်နယ်ဝန်ကြီးချုပ်အဖြစ် အဆိုပြုပေးပို့ထားတဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် အမည်စာရင်းနဲ့ ပတ်သက်ပြီး လွှတ်တော်ရဲ့ အဆုံးအဖြတ် ရယူသွားမှာဖြစ်တယ်လို့ သိရပါတယ်။
May be an image of text
အစည်းအဝေး စတုတ္ထနေ့ကို အစီအစဥ် ၁၄ ခုနဲ့ ကျင်းပသွားမှာဖြစ်ပြီး ပြည်နယ်ဝန်ကြီးဌာန အရေအတွက်၊ ပြည်နယ်ဝန်ကြီးဦးရေ သတ်မှတ်နိုင်ဖို့နဲ့ ပြည်နယ်တရားလွှတ်တော် တရားသူကြီးဦးရေ သတ်မှတ်နိုင်ဖို့အတွက် သမ္မတဖြစ်သူရဲ့ အဆိုပြုချက်နဲ့ စပ်လျဥ်းပြီး လွှတ်တော်မှာ ဆွေးနွေးဆုံးဖြတ် သွားဖို့ ရှိနေပါတယ်။
May be an image of text that says '၂ ၁၁။ နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက်တင်မြောက်ခြင်းခံရသောသူ ရှမ်းပြည်နယ် ဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးရန် အဆိုပြုပေးပို့ထားသည့် ပြည်နယ်လွှတ်တော် ကိုယ်စားလယ်၏ အမည်စာရင်းနှင့်စ်လျဥ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေး ခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း။ ၁၂။ "ပြည်နယ်ဝန်ကြီးဌာနအရေအတွက်၊ ပြည်နယ်ဝန်ကြီးဦီးရေ" သတ်မှတ်နိုင်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၄၈ အရ နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက်တင်မြှောက် ခြင်းခံရသောသူ၏ အဆိုပြုချက်နှင့်စပ်လျဥ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေး ခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း။ ၁၃။ "ပြည်နယ်တရားလွှတ်တော် တရားသူကြီးဦးရေ" သတ်မှတ်နိုင်ရေးအတွက် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၃၀၈ အရ နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက်တင်မြောက်ခြင်းခံရသောသူ၏ အဆိုပြုချက်နှင့်စပ်လျဥ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း။ ၁၄။ ပြည်နယ်လွှတ်တော်ဥက္ကဌ္က တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ပထမပုံမှန် အစည်းအဝေး စတုတ္ထနေ့ ရပ်နားကြောင်းနှင့် အစည်းအဝေး ပဥ္မနေ့ ဆက်လက်ကျင်းပမည့် နေ့ရက်နှင့်အချိန်ကို ကြေညာခြင်း။ 2udTraSickriatfandudra'
သျှမ်းပြည်နယ်ဝန်ကြီးချုပ်ကိုတော့ ရပ်စောက်မဲဆန္ဒနယ် အမှတ် ၂ မှ အချိုးကျကိုယ်စားပြုစနစ်နဲ့ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြောက်ခံထားရတဲ့ စိုင်းထိန်စိုး အား လျာထားတယ်လို့ ကြံ့ခိုင်ရေးပါတီနဲ့ နီးစပ်တဲ့သူတွေထံမှ သိရပါတယ်။
Photo – ရှမ်းပြည်နယ်လွှတ်တော်