သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

သျှမ်းပြည်နယ်မြောက်ပိုင်းအား စစ်ကောင်စီတပ်က လေယာဉ်ဖြင့် နေ့စဉ်ဗုံးကြဲတိုက်ခိုက်နေ

သျှမ်းပြည်နယ်မြောက်ပိုင်းအား စစ်ကောင်စီတပ်က လေယာဉ်ဖြင့် နေ့စဉ်ဗုံးကြဲတိုက်ခိုက်နေ

Hsan Loi Editor
05/11/2024
Share:

 

တော်လှန်ရေးအင်အားစုများ သိမ်းပိုက်ထားသော သျှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့များအား စစ်ကောင်စီက တိုက်လေယာဉ်များဖြင့် နေ့စဉ် ဗုံးကြဲတိုက်ခိုက်နေသည်။ ယမန်နေ့ နိုဝင်ဘာလ (၄)ရက်နေ့ မွန်းလွဲ (၂) နာရီဝန်းကျင်ခန့်တွင် သျှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့အား စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး လူနေအိမ်များ ထိခိုက်ပျက်စီးခဲ့သည်။ သို့သော် နောင်ချိုမြို့တွင်း ဒေသခံများစွာ ထွက်ပြေးတိမ်းရှောင်ထားသောကြောင့် လူထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။

 

ဒါ့အပြင် နိုဝင်ဘာလ (၁) ရက်နေ့နှင့် (၃) ရက်နေ့တွင်လည်း နောင်ချိုမြို့နယ် ဆမ္မဆယ်ရွာအား စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး ကြံကုမ္ဗဏီမှ ဝန်ထမ်းများအပါအဝင် (၄)ဦး ထိခိုက်သေဆုံးခဲ့ရပြီး (၈)ဦးခန့် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်။

 

ယနေ့ နိုဝင်ဘာလ (၅)ရက်နေ့ နံနက်(၁)နာရီဝန်းကျင်ခန့်တွင်လည်း သျှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ် မယ်ဟန်ရွာအား စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး လူနေအိမ်များ ထိခိုက်ပျက်စီးခဲ့သည်။ လက်ရှိ စုံစမ်းသိရှိမှုအရ လူထိခိုက်သေဆုံးမှုမရှိပါ။