သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

သျှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခြင်းကြောင့် လားရှိုးသို့ ပြေးဆွဲသည့် လေကြောင်းခရီးစဥ်များ ရက်အကန့်အသတ်မရှိ ရပ်ဆိုင်း

သျှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခြင်းကြောင့် လားရှိုးသို့ ပြေးဆွဲသည့် လေကြောင်းခရီးစဥ်များ ရက်အကန့်အသတ်မရှိ ရပ်ဆိုင်း

Hsan Loi Editor
03/07/2024
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် လက်ရှိဖြစ်ပေါ်နေသော တိုက်ပွဲများကြောင့် Myanmar Airways International Mingalar Airline မှ ပျံသန်းပြေးဆွဲလျှက်ရှိသော လားရှိုး ခရီးစဥ်များကို ယနေ့ ဇူလိုင်(၃)ရက်နေ့မှစပြီး လေကြောင်းခရီးစဥ်များအားလုံး ဖျက်သိမ်းကြောင်းFly with dream ပြည်တွင်းလေယာဥ် လက်မှတ်အရောင်းဌာနက တရားဝင်ထုတ်ပြန်ကြေငြာ ထားကြောင်း သိရသည်။

 

ဒါ့အပြင် မန်းရွှေပြည် ယာဥ်လိုင်းမှ လားရှိုး−ရန်ကုန် ခရီးစဥ်များကို ယခုလ ဇူလိုင်(၂)ရက်နေ့မှ တစ်လ ခေတ္တရပ်ထားမည်ဖြစ်ကြောင်း Man Shwe Pyi Express ၏ ဖေ့တ်ဘုတ်စာမျက်နှာမှာ ဖော်ပြထားပါသည်။

 

လားရှိုးမြို့နှင့် အနီးဝန်းကျင်ရှိ စစ်ကောင်စီတပ်စခန်းများကို ကိုးကန့်တပ်ဖွဲ့ MNDAAနှင့် ပူးပေါင်းတပ်ဖွဲများက မနေ့ည (၁၁)နာရီနောက်ပိုင်းမှာ စတင်တိုက်ခိုက်ပြီး လက်နက်ကြီးဖြင့် အပြန်အလှန်ပစ်ခတ် ခဲ့ကြောင်းသိရသည်။ ထိုပစ်ခတ်မှုအတွင်း ဒေသခံပြည်သူ (၆)ဦး သေဆုံးကြောင်း ဒေသခံ နာရေးကူညီမှုအသင်းများထံမှ သိရသည်။