သျှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲ-သီပေါ-လားရှိုးမြို့နယ်အတွင်း တစ်လကျော်ကြာခန့် ပြတ်တောက်နေသော လျှပ်စစ်ဓာတ်အား ယမန်နေ့ (၂၅.၁၂.၂၀၂၃)ရက်နေ့တွင် ပြန်လည်ရရှိခဲ့ပြီဖြစ်ကြောင်း သတင်းရရှိသည်။ လျှပ်စစ်မီးပြန်လည်ရရှိရေးအတွက် သျှမ်းပြည်နယ်မြောက်ပိုင်းရှိ လျှပ်စစ်ကျွမ်းကျင်လုပ်သားများနှင့် လူမှုကူညီရေး ပရဟိတအဖွဲ့ဝင်များက နေ့စဉ်ရက်ဆက်ကြိုးစားပြင်ဆင်ခဲ့ရသည်။
