သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

သျှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် နမ့်ဟူးရွာဘုန်းကြီးအကျော်တွင် ဆိုင်ကယ်နှင့်(၁၂)ဘီးကား တိုက်မိပြီး ဆိုင်ကယ်စီးလာသူ လူငယ်(၂)ဦး သေဆုံး

သျှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် နမ့်ဟူးရွာဘုန်းကြီးအကျော်တွင် ဆိုင်ကယ်နှင့်(၁၂)ဘီးကား တိုက်မိပြီး ဆိုင်ကယ်စီးလာသူ လူငယ်(၂)ဦး သေဆုံး

Hsan Loi Editor
26/05/2023
Share:

 

ယနေ့ မေလ(၂၆)ရက်နေ့ နံနက်(၇)နာရီကျော်ခန့်တွင် သျှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် ခိုမုန်းကျေးရွာအုပ်စု နမ့်ဟူးကျေးရွာ ပေါ့အင်းလေးကျေးရွာလမ်းခွဲ၌ ဆိုင်ကယ်နှင့် (၁၂)ဘီးကား မတော်တဆ တိုက်မိပြီး ဆိုင်ကယ်စီးလာသည့် လူငယ်အမျိုးသား(၂)ဦး သေဆုံးခဲ့ကြောင်း သိရသည်။

 

“ကျနော်တို့ကိုတော့ ဆိုင်ကယ်နဲ့ကား မတော်တဆဖြစ်ပြီး အကူအညီတောင်းလာလို့ သွားရောက်ကူညီပေးရတာပေါ့။ ဆိုင်ကယ်စီးလာတဲ့ လူငယ်(၂)ဦးကတော့ ပွဲချင်းပြီးသေဆုံးသွားတယ်။ ဘယ်ကလဲ ဘယ်သူတွေလဲဆိုတာတော့ ကျနော်တို့လည်း မသိရသေးဘူး။ သူတို့တွေရဲ့မှတ်ပုံတင်ကတော့ ယာဉ်ထိန်းရဲတွေယူသွားတယ်။ လူငယ်(၂)ယောက်ရဲ့ အလောင်းကိုတော့ ကျောက်မဲမြို့နယ် ပြည်သူ့ဆေးရုံကို ပို့ဆောင်ထားပါတယ်။ သူတို့မိဘတွေကို ရှာဖွေနေတုန်းပါပဲ။” ဟု ကျောက်မဲမြို့နယ် နမ့်ခုံးသျှမ်းများပရဟိတအသင်းမှ အဖွဲ့ဝင်တစ်ဦးက ပြောပြသည်။

 

တိုက်မိသော (၁၂) ဘီးယာဉ်လည်း အဆိုပါနေရာတွင် ဖမ်းဆီးထားကြောင်း သတင်းရရှိသည်။