သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

သျှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်း တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်း တိုက်ပွဲဖြစ်ပွားပြီးနောက် လူသူကင်းမဲ့သွားသည့် ကျေးရွာများ

သျှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်း တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်း တိုက်ပွဲဖြစ်ပွားပြီးနောက် လူသူကင်းမဲ့သွားသည့် ကျေးရွာများ

Hsan Loi Editor
29/04/2023
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်း RCSS အဖွဲ့နှင့် SSPP အဖွဲ့ပါဝင်သည့် မြောက်ပိုင်းမဟာမိတ်တို့ တိုက်ပွဲဖြစ်ပွားပြီးနောက် ကျေးရွာ ၂၆ ရွာထက်မနည်း ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

အဆိုပါရွာများထဲ၌ ကျောက်မဲမြို့နယ် ဟူးဆွန်ရွာ၊ တော့ဆန်ရွာ၊ ပုံးလုံရွာနှင့် အနီးအနားရွာတို့တွင် နေထိုင်သူလုံးဝမရှိတော့ဘဲ ကျေးရွာပျက်များသဖွယ်ဖြစ်နေပြီး လူသူကင်းမဲ့လျက်ရှိသည်။ ဒါ့အပြင် ကျေးရွာအတွင်းရှိ နေအိမ်များလည်း ချုံနွယ်များတွယ်တက်လျက်ရှိကာ ပျက်စီးနေပါသည်။

(၂၄.၄.၂၀၂၃) ရက်နေ့တွင်လည်း ဟူးဆွန်ရွာသားများ SSPP အဖွဲ့ထံ မိမိတို့ကျေးရွာတွင်းကို ဝင်ရောက်ကြည့်ရှုခွင့်တောင်းခံခဲ့ပြီး SSPP အဖွဲ့မှ TNLA အဖွဲ့၏ ခွင့်ပြုချက်ရယူခဲ့ရကြောင်း ဒေသခံများကပြောပြသည်။ ဒါ့အပြင် ရွာသူရွာသားများမှ မိမိတို့နေအိမ်၌တစ်ညတည်းခိုခွင့်ပြုရန် ခွင့်တောင်းခဲ့သော်လည်း TNLA အဖွဲ့မှ ခွင့်မပြုသောကြောင့် နေ့တစ်ပိုင်းသာ ရွာအတွင်းကြည့်ရှုခွင့်ရခဲ့သည်။

ကျေးရွာအတွင်း ပျက်စီးနေသော မိမိတို့အိမ်များနှင့် ဘုန်းကြီးကျောင်းများကိုမြင်တွေ့ခဲ့ရသည့်အတွက် ရွာသားများ မျက်ရည်ကျခဲ့ရသည်ဟု ဆိုသည်။