သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

သျှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲ-နောင်ချို လမ်းမကြီး၌ ကျောက်မီးသွေးတင်ကား တိမ်းမှောက်

သျှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲ-နောင်ချို လမ်းမကြီး၌ ကျောက်မီးသွေးတင်ကား တိမ်းမှောက်

Hsan Loi Editor
18/04/2023
Share:

 

(၁၈.၄.၂၀၂၃) ရက်နေ့ နံနက်ပိုင်းတွင် သျှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် မန်တန်းရွာအနီး တောင်ဆေးလိပ်ရွာလမ်းခွဲ၌ ကျောက်မီးသွေးတင်ဆောင်လာသည့်ကားတစ်စီး မတော်တဆ တိမ်းမှောက်ခဲ့ကြောင်း သတင်းရရှိသည်။

 

ယာဉ်မတော်တဆမှုကြောင့် ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်တစ်ဦး ကားအောက်ပိုင်းတွင် ပိတ်မိခဲ့သည်။

 

အဆိုပါ ပိတ်မိနေသော ယာဉ်မောင်းအမျိုးသားနှင့်ယာဉ်နောက်လိုက် အမျိုးသမီး (မစိုးရိမ်ရ)တို့အား ကမ်းလင့်လက်များ လူမှုကူညီရေးအသင်းနောင်ပိန်မှ သွားရောက်ကူညီထုတ်ပေးခဲ့ပြီး ယခုအခါ နောင်ပိန်တိုက်နယ်ဆေးရုံ၌ ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။