သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

သျှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ် အတွင်း စစ်ဘေးရှောင် (၂၀၀) ဦးကျော် ခမ်းချိုကျောင်းတွင် တိမ်းရှောင်နေရပြီး အကူအညီလိုအပ်လျက်ရှိ

သျှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ် အတွင်း စစ်ဘေးရှောင် (၂၀၀) ဦးကျော် ခမ်းချိုကျောင်းတွင် တိမ်းရှောင်နေရပြီး အကူအညီလိုအပ်လျက်ရှိ

Hsan Loi Editor
08/04/2023
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၌ စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် စစ်ဘေးရှောင်များ ခမ်းချိုဘုန်းကြီးကျောင်းတွင် လာရောက်ခိုလှုံနေရကြောင်း သိရသည်။

ခမ်းချိုကျောင်းတွင် ရောက်ရှိလျက်ရှိသည့် စစ်ဘေးရှောင်မိဘပြည်သူများသည် နောင်ချိုမြို့နယ် မြောက်ကုန်းကြီးရွာမှ (၂၆) ဦး၊ အင်းမရွာမှ (၁၅) ဦး၊ ကြူကော်ရွာမှ (၁၆) ဦး၊ ရွာသစ်ရွာမှ (၁၁) ဦး၊ ဟိုနောင်ရွာမှ (၇၉) ဦး၊ ကုန်းညောင်ရွာမှ (၁) ဦး၊ ကြူအင်းရွာမှ (၁၉) ဦးနှင့် ရွာဦးကျောင်း (၂) ကျောင်းမှ ရဟန်း (၃) ပါး၊ သာမဏေ (၅၂) ပါး စုစုပေါင်း (၂၂၂) ဦး ရှိကြောင်း သိရသည်။

ရောက်ရှိတိမ်းရှောင်လာသည့် စစ်ဘေးရှောင်များအတွက် နေ့စဉ်စားနပ်ရိက္ခာများ လိုအပ်လျက်ရှိသည်။