ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ | တောင်ကြီး-ဟိုပုံးလမ်းမှာ ရပ်ထားတဲ၁၂ဘီးကားကို ဆီဘောက်ဆာကားက အရှိန်လွန်ပြီး ဝင်တိုက်မိလို့ယာဥ်မောင်းတစ်ဦး ပွဲချင်းပြီး သေဆုံး | နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကို (၁၀) ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ထုတ်ပြန် | ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

သျှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ် နောင်မွန်ကျေးရွာအုပ်စု နားမခေါ် ကျေးရွာအနီးနှင့် နောင်ကွဲကျေးရွာအနီး၌ စစ်ကောင်စီတပ်နှင့် TNLA တို့ တိုက်ပွဲဖြစ်

သျှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ် နောင်မွန်ကျေးရွာအုပ်စု နားမခေါ် ကျေးရွာအနီးနှင့် နောင်ကွဲကျေးရွာအနီး၌ စစ်ကောင်စီတပ်နှင့် TNLA တို့ တိုက်ပွဲဖြစ်

Hsan Loi Editor
07/04/2023
Share:

 

ယနေ့ (၇.၄.၂၀၂၃) ခုနှစ် နံနက် (၉) နာရီခန့်က စတင်ပြီး သျှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ် နောင်မွန်ကျေးရွာအုပ်စု နားမခေါ်ကျေးရွာအနီး မန်ဆန်ရေကျသွားသည့်လမ်း၌ စစ်ကောင်စီတပ်နှင့် TNLA အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဒါ့အပြင် လားရှိုးမြို့နယ် နောင်ကွဲကျေးရွာအနီးတွင်လည်း စစ်ကောင်စီတပ်နှင့် TNLA အဖွဲ့ တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။

ယနေ့ နံနက် (၁၁) နာရီအထိ တိုက်ပွဲများဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီတပ်ဘက်မှ စစ်ရဟတ်ယာဉ်များပါ အသုံးပြုတိုက်ခိုက်နေကြောင်း ကနဦးသိရသည်။