သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

သျှမ်းပြည်နယ်တွင်း ၅၀၅(က) ဖြင့်ဖမ်းဆီးထားသူများ အချို့ ယနေ့လွတ်/ငြိမ်းဖြင့်ပြန်လည် လွတ်မြောက်လာ

သျှမ်းပြည်နယ်တွင်း ၅၀၅(က) ဖြင့်ဖမ်းဆီးထားသူများ အချို့ ယနေ့လွတ်/ငြိမ်းဖြင့်ပြန်လည် လွတ်မြောက်လာ

Hsan Loi Editor
03/05/2023
Share:

 

သျှမ်းပြည်နယ် တောင်ပိုင်း ၊တောင်လေးလုံးအကျဥ်းထောင်တွင် ၅၀၅(က) ဖြင့် ဖမ်းဆီးခံထားရ သူ ကျား/မ ပေါင်း ( ၁၆ ) ဦး ယနေ့တွင် လွတ်/ငြိမ်းဖြင့် ပြန်လည်လွတ်မြောက်လာကြောင်း သတင်းရင်းမြစ်ထံမှ သိရသည် ။

တောင်လေးလုံးအကျဥ်းထောင်တွင် ယနေ့ပြန်လည် လွတ်မြောက်လာသူများထဲတွင် အမျိုးသမီးအရည်အတွက်များပြီး အောင် ပန်း၊ ဟဲဟိုး၊ အေးသာယာက ဒေသခံများဖြစ်ကြကာ မြို့တော်တောင်ကြီး မှယနေ့ လွတ်မြောက်လာသူမရှိသေးကြောင်း သတင်းရင်းမြစ်က ပြောသည် ။

သျှမ်းမြောက်လားရှိုး အကျဥ်းထောင်တွင်၅၀၅(က) ဖြင့် ဖမ်းဆီးထားသူ စုစုပေါင်း (၁၃) ဦးပြန်လည်လွတ် မြောက်လာ ပြီး အမျိုးသမီး ၂ ဦးပါဝင်ကြောင်း သိရသည် ။

လားရှိုးအကျဥ်းထောင်မှ ကျောက်မဲမြို့နယ်မှ ၁ဦး ၊
ဟိုပန် ၁ ဦး ၊ မူဆယ် မှ ၈ဦး ၊ ကွတ်ခိုင်တွင် ၁ ဦး ၊
လားရှိုး ၂ ဦး စုပေါင်း ၁၃ ဦး ပါဝင်ကြောင်း သတင်းရင်းမြစ်များထံ မှ ကနဦးသိရသည် ။

Photo – ယနေ့ လားရှိုးအကျဥ်းထောင်ရှေ့မြင်ကွင်း