သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

သျှမ်းပြည်နယ်တောင်ပိုင်း မိုင်းပွန်မြို့တွင် ငွေကျပ်(၁.၆၈)ဘီလီယံရှိသော စိတ်ကြွရူးသွပ်ဆေးပြား ဖမ်းမိ

သျှမ်းပြည်နယ်တောင်ပိုင်း မိုင်းပွန်မြို့တွင် ငွေကျပ်(၁.၆၈)ဘီလီယံရှိသော စိတ်ကြွရူးသွပ်ဆေးပြား ဖမ်းမိ

Hsan Loi Editor
03/06/2024
Share:

 

သျှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်မြို့နယ် မိုင်းပွန်မြို့တွင် မေလ (၃၁)ရက်နေ့က စိတ်ကြွရူးသွပ်ဆေးပြား (၅၆)သိန်းပြား ငွေကျပ်တန်ဖိုး(၁.၆၈)ဘီလီယံအား ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်ရေးအဖွဲ့က ဖော်ပြသည်။

 

၂၀၂၄ ခုနှစ် မေလ(၃၁)ရက်နေ့ နံနက်(၆)နာရီက သျှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်မြို့နယ် မိုင်းပွန်မြို့ ပင်အုံကျေးရွာအနီးတွင် လုံချိန်ကျေးရွာမှ မိုင်းပွန်မြို့သို့ မောင်းနှင်လာသော FORD RANGER နှင့် TOYOTA HILUX SURF (၂)စီးပေါ်တွင် စစ်ကောင်စီ၏ မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးအဖွဲ့က အဆိုပါ မူးယစ်ဆေးပြားများအား ရှာဖွေတွေ့ရှိခြင်းဖြစ်သည်။ အဆိုပါ ဖမ်းဆီးမှု၌ စိတ်ကြွရူးသွပ်ဆေးပြား (၄၆)သိန်းပြားအား ရှာဖွေတွေ့ရှိခဲ့သည်။ ထို့ကြောင့် ယာဉ်မောင်းများဖြစ်သော ကျော်စိန်နှင့် ထွန်းမြင့်အား ဖမ်းဆီးအရေးအရေးယူထားသည်ဟုဆိုသည်။

 

ဒါ့အပြင် ဆက်စပ်သူများအား ဆက်လက်ဖော်ထုတ်ရာ မိုင်းပွန်မြို့ ဝမ်ဟွေရပ်ကွက်တွင် ဝင်းရွှေနှင့် နားခိုင်ကျေးရွာ လယ်တောရပ်ကွက်ရှိ အိုက်လောင်အား မူးယစ်ဆေးပြား (၁၀) သိန်းပြား ထပ်မံ ဖမ်းဆီးရမိခဲ့သည်။ ထို့ကြောင့် တစ်ရက်အတွင်း မိုင်းပွန်မြို့နယ်၌ မူးယစ်ဆေးပြား(၅၆)သိန်းပြား ငွေကျပ်တန်ဖိုး (၁.၆၈)ဘီလီယံအား ဖမ်းဆီးခဲ့ကြောင်း သတင်းရရှိသည်။