သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

သျှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်အတွင်း စစ်ကောင်စီ+PNO နှင့် PNLA+PDF ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲပြင်းထန်နေဆဲဟုဆို

သျှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်အတွင်း စစ်ကောင်စီ+PNO နှင့် PNLA+PDF ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲပြင်းထန်နေဆဲဟုဆို

Hsan Loi Editor
26/01/2024
Share:

သျှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်အတွင်း PNLA+PDF ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီ+PNO ပူးပေါင်းအဖွဲ့တို့သည် ယနေ့ (၂၆.၁.၂၀၂၄)ရက်နေ့ နံနက်ပိုင်းအထိ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီဘက်မှ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုပြုလုပ်လျက်ရှိကြောင်း သတင်းရရှိသည်။

“ဆီဆိုင်ထဲမှာတော့ PNLA+PDF တွေက နေရာတော်တော်များကို ထိန်းချုပ်လိုက်ပြီလို့ ပြောလို့ရတယ်။ ဒါပေမယ့် စစ်ကောင်စီတပ်နဲ့ PNO တွေလည်း အင်အားတွေဖြည့်ပြီး ပြန်တိုက်နေတယ်။ မနေ့ညကဆိုရင်လည်း လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေရော လက်နက်ကြီးနဲ့ပစ်တာတွေရောရှိတယ်။ ဆီဆိုင်မြို့ထဲက လူနေအိမ်တွေထိခိုက်ပျက်စီးတာတွေ အများကြီးရှိတယ်။ အချို့ပြည်သူတွေ လက်နက်ကြီးကျည်ထိမှန်တာတွေရှိတယ်။ တောင်ကြီးဘက်က လူမှုကူညီရေးအသင်းတွေက ဆီဆိုင်ထဲပိတ်မိနေတဲ့သူတွေကို ခေါ်ထုတ်ပေးနိုင်သလောက် ခေါ်ထုတ်နေတယ်။ ထိခိုက်ပျက်စီးမှု စာရင်းအတိအကျတော့ မသိရသေးဘူး။” ဆီဆိုင်မြို့နယ် ဒေသခံတစ်ဦးက ပြောပြသည်။

ယနေ့ နံနက်ပိုင်းတွင် တောင်ကြီးမြို့မှ စစ်တပ်ရဟတ်ယာဉ်များဖြင့် စစ်ကောင်စီမှ စစ်ကူများပို့ဆောင်လျက်ရှိသလို PNO အဖွဲ့ကလည်း ဆီဆိုင်မြို့နယ် အရှေ့ဘက်လွယ်ပွတ်ကျေးရွာအုပ်စုဆီ ချည်းကပ်လျက်ရှိကြောင်း ဒေသခံများက ပြောသည်။ ဒါ့အပြင် စစ်ကောင်စီတပ်မှလည်း စစ်ကား (၁၀) စီးကျော်ခန့်ဖြင့် အင်အားအပြည့်ဖြည့်ကာ လွယ်ပွတ်ကျေးရွာအုပ်စုထံ ချီတက်လျက်ရှိသည်ဟုဆိုသည်။ လက်ရှိအချိန်အထိ ဆီဆိုင်-ဆိုက်ခေါင် တစ်လျောက် ဒေသခံအများအပြား တောင်ကြီး၊ ဟိုပုံး စသည့်မြို့များထံ ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရသည်။