သျှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နယ် ပေါမူရွာတွင် တစ်နှစ်တစ်ကြိမ် ပအိုဝ်းတိုင်းရင်းသားများက ရိုးရာမိုးခေါ်ပွဲ(ခေါ်) မီးရှူးမီးလုံးပွဲကို ကျင်းပပြုလုပ်ခဲ့သည့် ချစ်စရာဓလေ့ရိုးရာမြင်ကွင်းဖြစ်သည်။ မီးရှူးမီးလုံးပွဲကို သျှမ်းပြည်နယ်တောင်ပိုင်းရှိ သျှမ်းတိုင်းရင်းသားများ၊ ပအိုဝ်းတိုင်းရင်းသားများက ကျင်းပပြုလုပ်လေ့ရှိပြီး တန်ခူးလဆန်းမှ နယုန်လအထိ ကျင်းပသည်။
မီးလုံးကို ယမ်းမှုန့်များ ဝါးလုံးသံပြောင်းတို့ဖြင့် ပြုလုပ်လွှတ်တင်ကြပြီး ကျေးရွာအလိုက် ရိုးရာအကအလှများဖြင့် ပြိုင်ပွဲဝင်ကြကာ ဒေသ၏ စည်းကားသိုက်မြိုက်စွာ ကျင်းပသည့် ရိုးရာပွဲတော်တစ်ခုဖြစ်သည်။
၂၀၂၃ ခုနှစ် ယခုနှစ်အတွင်း မီးလုံး (၄၀၀) ကျော်အထိ စံချိန်တင်များပြားခဲ့ပြီး ပွဲတော်ရက်လည်း ရည်ရှည်ဖြစ်လာခဲ့ကြောင်း သတင်းရရှိသည်။
credit & original uploader
