သျှမ်းပြည်နယ်တောင်ပိုင်း သျှမ်း-ကယား (ကရင်နီ) နယ်စပ် ဖယ်ခုံမြို့နယ် မြောက်စလုံးကျေးရွာအနီး၌ ကရင်နီပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီတပ်တို့ (၂၄.၄.၂၀၂၃) ရက်နေ့တွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။
(၂၁.၄.၂၀၂၃) ရက်နေ့က စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီစစ်ကြောင်းနဲ့တိုက်ပွဲဖြစ်ပွားခဲ့သည့်မြောက်စလုံးကျေးရွာတိုက်ပွဲ၌ ကရင်နီအမျိုးသားကာကွယ်ရေးတပ်KNDF Bo- 11မှရဲဘော်တစ်ဦးကျဆုံးခဲ့ရပီး (၂၄.၄.၂၀၂၃) ရက်နေ့တွင် ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF နှင့် ကရင်နီတပ်မတော် KA တပ်ရင်း – ၅ အပါအဝင် ကရင်နီပူးပေါင်းတပ်တို့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ လက်နက်ခဲယမ်းအချို့သိမ်းဆည်းရမိပြီး စစ်ကောင်စီတပ်မှသေဆုံးမှုများရှိခဲ့သည်ဟု KnIC က ဖော်ပြထားသည်။
